ကလေးဘဝလေးထဲက လက်ရှိဆယ်ကျော်သက်အရွယ်ထိ လူကြီးလူငယ်မရွေး ပရိသတ်တိုင်းရဲ့ သဲသဲလှုပ်အားပေးမှုကို ရရှိထားသူကတော့ ကလေးသရုပ်ဆောင် ယွန်းယွန်းပါပဲ။

အသက်ငယ်ငယ်လေးနဲ့ အနုပညာဝါသနာကြီးတဲ့ အကယ်ဒမီယွန်းယွန်းဟာ သရုပ်ဆောင်ပိုင်းမှာ အပိုအလိုမရှိအောင် ပိုင်နိုင်သူလေးမို့ အားလုံးရဲ့ အချစ်တော်လေးဖြစ်နေတာပါ။

မတ်လ(၂၃)ရက်နေ့က ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲအခမ်းအနားကို အနုပညာရှင်တွေစုံစုံလင်လင် တက်ရောက်ခဲ့ပေမယ့် ယွန်းယွန်း တစ်ယောက်တော့ နောက်ကျမှ ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

နောက်ကျရတဲ့ အကြောင်းရင်းကိုလည်း ယွန်းက အခုလို သူမရဲ့ ဖေ့ဘုတ်မှာ ပြောပြခဲ့ပါတယ်။

တက္ကသိုလ်စာမေးပွဲတွေဖြေဆိုနေချိန်မို့ ယွန်းတစ်ယောက်လည်း ကျောင်းက စာမေးပွဲက ညနေပိုင်းဖြစ်တာမို့ ပြီးပြီးချင်းမှာ အကယ်ဒမီပေးပွဲကို ကမန်းကတန်း သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။

ချစ်စရာကောင်းတဲ့ အရောင်သွေးစုံလင်တဲ့ ဝတ်စုံလေး ဝတ်ဆင်ထားတဲ့ ယွန်းယွန်းကတော့ ဘယ်လိုလေးပဲနေနေ အပြစ်ကင်းပြီးလှနေတာကတော့ ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါ့ပြင်သူမဟာ ပညာရေးမှာလည်း ထူးချွန်သူမို့ ကျောင်းစာတစ်ဖက် အနုပညာတစ်ဖက် မျှတအောင် လုပ်နိုင်သူလေးဖြစ်ပါတယ်။

အကယ်ဒမီပွဲကြီးကို အားပေးရုံသက်သက် သွားခဲ့တဲ့ ယွန်းလေးကတော့ နောက်ကျတာတောင် အလှမပျက်တာကိုတွေ့ရပါတယ်။  

Source : Yoon Yoon fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။