Kelvin Kate ကိစ္စနှင့် ပတ်သက်ပြီး ယခု ရက်ပိုင်းမှာတော့ ငွေမှုန်ရတီကို သတိထားမိလာကြပါတယ်။ ထိုကိစ္စနှင့် ပတ်သက်ပြီး search myanmar က ငွေမှုန်ရတီကို အင်တာဗျူးထားတဲ့ အထဲမှာတော့ Kelvin Kate ဟာ သူမအတွက် အစ်ကို တစ်ယောက်လိုပါဘဲလို့ပြောထားပြီး Kelvin Kate ရဲ့ စော်ကြောင့် အဲ့ဒီလို မျိုး တင်လိုက်တာပါလို့ပြောထားခဲ့ပါတယ်။ ထို အင်တာဗျူးနှင့် ပတ်သက်ပြီး လူငယ်တွေကြားမှာ အသံမျိုးစုံ ထွက်နေကြပါတဲ့ အထဲ မှာ ငွေမှုန်ရတီကတော့ Haters Gonna Hate ဆိုပြီး ပြောထားခဲ့ပါတယ်။

ထိုအင်တာဗျူးကို ဖူးပြည့်ထွန်း ဆိုတဲ့ သူတစ်ယောက် က 'စကားပြောတာကလည်း ငါ့ညီမဆို ပါးကြီးပဲ ပိတ်ရိုက်မိမှာ၊ ညီအစ်မ နှစ်ယောက် လုံး တစ်ပုံစံထဲပဲ အချိုးမပြေဘူး' ဟုပြောကာ share ထားခဲ့ပါတယ်။ ထိုပို့စ်အောက်မှာတော့ စုရွှေရည်ထွန်းဆိုတဲ့ Miss International 2016 တုန်းက ဝင်ပြိုင်ခဲ့တဲ့ မယ် ကတော့ 'ပြောချင်နေတာ၊ ပါးကြီးပဲ ဆင့်ဆင့် ပြီးရိုက်ချင်တာ၊ ကစ်ကစ်လောက်သာသူ အောင်မြင်ရင် လူတွေကို သူမြင်မှာတောင် မဟုတ်တော့ ဘူး' ဆိုပြီး ပြောထားပါတယ်။

အခြား သူတွေ ပြောရင် ဘာမှ ဖြစ်မှာ မဟုတ်လောက်တဲ့ ရွှေမှုန်ဟာ သူတို့ အနုပညာလောကထဲက သူတစ်ယောက် ယခုလိုမျိုးပြောလာတဲ့ အခါ မှာ သူ့ညီမ အတွက်ရော ဒေါသထွက်သွားပုံ ရပါတယ်။ အဲ့ဒါကြောင့် 'ကြည့်သာပြောကြတော့' ဆိုပြီး screenshots တွေရိုက်ကာ သူမရဲ့ ဖေ့ဘွတ်ပေါ်တင်ခဲ့ပါတယ်။ သူမယခုလို တင်ပြီးနောက်ပိုင်းမှာတော့ အဲ့ဒီပို့စ်ကို ဖြတ်သွားတယ်လို့ သိရပြီး သူမရဲ့ ပရိသတ်တွေကတော့ ဒေါသထွက်နေကြပါတယ်။

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။