ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးလုပ်ငန်းများအတွက် ဒေါ်အောင်ဆန်းစုကြည် အစည်းအဝေးပြုလုပ်

ရန်ကုန်တက္ကသိုလ်အတွင်းရှိ အဆောက်အဦးများ ပြုပြင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနိုင်းခြင်း အခမ်းအနားကို ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) ညနေပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်း၌ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေးဝန်ကြီး၊ ပညာရေးဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုအခမ်းအနားသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လုံခြုံရေး အမြောက်အများဖြင့် လာရောက်ခဲ့သည်ကို တွေ့မြင်ရသည်။

Source: Irrawaddy

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။