ကားအန္တရာယ် မဖြစ်အောင် အသက်ကယ်ရာဘာဘောင်များ တောင်ကိုရီးယား တပ်ဆင်

တောင်ကိုရီးယားနိုင်ငံ ETI (Evolution in Traffic Innovation) ကုမ္ပဏီကနေစတင်တီထွင်လိုက်တဲ့ လမ်းအစောင့်အရှောက် အသက်ကယ်ရာဘာ ဘောင် (RollingBarriers) တွေဖြစ်ပါတယ်။

ကားလမ်း အကွေ့တွေမှာ သုံးနေတဲ့ အသက်ကယ် အကာဘောင်တန်းတွေဖြစ်ပါတယ်။

အန္တရာယ်ရှိတဲ့တောင်တန်းအကွေ့တွေ နဲ့ ဂျောက်ကမ်းပါး အကွေ ့တွေမှာ ကားတိုက်မှုဖြစ်တဲ့အခါ အသက်ကယ် ရာဘာ ဘီးလုံးတွေပါတဲ့ အကာဘောင်တွေကို တိုက်မိခဲ့ရင် ကားဟာ ဘောင်ကိုမကျော်နိုင်အောင် စီမံထုတ်လုပ်ထားပါတယ်။

ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ်ကားတိမ်းမှောက်မှုကြောင့် သေဆုံးသူပေါင်း ၁၇၀၀၀၀၀ သိန်း ရှိကြောင်းသိရပါတယ်။

Source: Global News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။