ခုနစ်နှစ်အရွယ်သမီးငယ်လေးဟာ ဆီးရီးယားမြို့တော်ရဲ့ ရဲဌာနတစ်ခုမှာ အဝေးထိန်းခလုတ်နဲ့ အသေခံဗုံးဖောက်ခွဲဲခံခဲ့ရပါတယ်။ 

ဗီဒီယိုထဲမှာတော့ ဖခင်ဖြစ်တဲ့သူဟာ အသက် ခုနစ်နှစ်နဲ့ ကိုးနှစ်အရွယ်ရှိတဲ့ ကလေးငယ်နှစ်ယောက်ကို အသေခံဗုံးခွဲတာနဲ့ပတ်သတ်ပြီး ဘာသာရေးနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို သင်ကြားပြောဆိုပြသနေတာကိုတွေ့ရမှာပါ။ ဒီလို သင်ကြားပေးပြီးမကြာခင်မှာပဲ ကလေးနှစ်ဦးကိုနမ်းပြီး နှုတ်ဆက်ခဲ့ပြီးတဲ့အခါမှာတော့ ကလေးငယ်ဟာ ဆီးရီးယားမြို့တော်၊ Damascus မှာရှိတဲ့ ရဲဌာနတစ်ခုကို ဝင်ရောက်ပြီးတဲ့အချိန်မှာတော့ အဝေးထိန်းခလုတ်နဲ့ အသေခံဗုံးခွဲခံခဲ့ရပါတယ်။

ဗုံးပေါက်ကွဲတာကြောင့် ရဲဝန်ထမ်းသုံးဦး ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်ရဲ့အကြွင်းအကျန်တွေကို သတင်းဌာနကနေ ထုတ်ပြန်တဲ့အခါမှာဆင်ဆာဖြတ်ထားခဲ့ပါတယ်။ 

အဆိုပါ ဗီဒီယိုမှာ အစွန်းရောက်ဖခင်ဖြစ်သူဟာ ကလေးငယ်လေးတွေကို ဒီလုပ်ရပ်ဟာ သူတို့ကိုနတ်ပြည်ရောက်စေမှာကြောင့် မကြောက်ဖို့ပြောကြားနေခဲ့ပြီး ကလေးငယ်လေးတွေဟာ ယုံကြည်ပြီးခေါင်းညိတ်လက်ခံခဲ့ကြတာကို ဝမ်းနည်းစရာတွေ့ရမှာပါ။

Source : dailymail

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။