သူ့ရဲ့တစ်ရက်တာဝင်ငွေနဲ့ ဘယ်ကနေငွေတွေဝင်လဲဆိုတာ သင့်ကိုအံသြသွားစေမှာပါ။ အကျႌနဲ့ ရေမွှေးပစ္စည်းတွေကနေပဲ တစ်ရက်ကို ပေါင် ၇၁,ဝဝဝထိ ဝင်ငွေရှိနေပါတယ်။

အင်္ဂလန်ဘောလုံးသမားဟောင်း David Beckham ဟာ ဘောလုံးလောကက လွန်ခဲ့တဲ့ ၃ နှစ်က အနားယူခဲ့ပေမယ့် အခုဆို မြင့်မားတဲ့ဝင်ငွေအနေနဲ့ တစ်ရက်ကို ပေါင် ၇၁,၀၀၀ ရနေပါပြီ။Seven Global LLP ကုမ္ပဏီဟာ Beckham ရဲ့ အကျင်္ ီတွေ၊ အသုံးအဆောင်တွေနဲ့ ရေမွှေးပစ္စည်းတွေမှတဆင့် အမြတ်ငွေ ပေါင် ၈.၆ မီလီယံလောက်ကို ၇ လကြာရောင်းဝယ်ခြင်းမှ ရရှိခဲ့ပါတယ်။သူ့ကိုပေးချေရတဲ့ပိုက်ဆံကို ကုမ္ပဏီမှာ တရားဝင်မဖော်ပြပေမယ့် တကယ်တော့ တစ်ရက်ကို အမြတ်ငွေ ပေါင် ၄၀,၀၀၀ လောက်ရှိပါတယ်။Footwork Productions မှ ပေါင် ၁၁.၄ မီလီယံလောက် အမြတ်အစွန်းရပြီး တစ်ရက်ကို ပေါင် ၃၁,၀၀၀ လောက် (အခွန်ဆောင်ပြီး) ဝင်ငွေရပါတယ်။

လန်ဒန်အခြေစိုက် Foodworkဟာ David ဘောလုံးလောကထဲဝင်နေစဉ် ၁၉၉၆ ခုနစ်တည်းက တည်ထောင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီဟာ David Beckham ရဲ့နာမည်နဲ့ပုံရိပ်ကို ပိုပြီးထင်ဟပ်စေပါတယ်။David ဟာ ဘောလုံးလောကကို Paris Saint-Germain ကနေထွက်ပြီး ၂၀၁၃ခုနစ်မေလမှာ အပြီးတိုင်အနားယူခဲ့တာဖြစ်ပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။