ဟွာရှိန် အထည်ချုပ်စက်ရုံတွင် လူတစ်ဦး စက်လှေကားညှပ်သေဆုံး

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြိုု့နယ် ရန်ကုန်- ပြည်လမ်းရှိ ဂုံမင်းမြောင်ကျေးရွာ တောင်ပိုင်း ကံကလေးကျေးရွာ နှင့်ဆက်သွယ်ရေး လမ်းရှိ ဟွာရှိန် အထည်ချုပ်စက်ရုံ တွင် ၂၃ ၁၂ ၂၀၁၆ ရက်နေ့ တွင် လူတစ်ဦး စက်လှေကား ညှပ်ကာ သေဆုံးမှု့ဖြစ်ပွားခဲ့သည် ။

ကျွန်းကုန်းကျေးရွာ အုပ်စု ကျွန်းကုန်းကျွေးရွာနေ အလုပ်သမားဖြစ်သူ ( ဘ) ဦးတင်စိုး ၏သား ကိုအောင်ကိုလတ် ( ခ ) ကိုအငယ်လေး သည် အထည်ချုပ် စက်ရုံမှ ချုပ်ပြီးသော အင်္ကျီပါကင်ထုပ် အား အောက်ထပ်မှ ဝအပေါ်ထပ်ရှိ ပါကင်ထုပ်များထားရာ နေရာဖြစ်သည့် စက်ရုံအပေါ်ထပ် သို့ အလျား ( ၈ ) ပေ အမြင့် ( ၆ )ခွဲ ရှိ စက်လှေကားဖြင့် ပို့ဆောင်စဉ် ဓါတ်လှေကား အတွင်းဘတ်ရှိ ( ၆ )လက်မ ( ၃ )လက်မ ခန့်ရှိ သံဘောင် နှင့် ကိုအောင်ကိုလတ် ၏ လည်ဂုတ် ကိုချိပ်မိပြီး စက်လှေကား အပေါ်သို့ တက်နေ့စဉ် ညှပ်မိကာ လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာ ဖြင့် အ ခင်းဖြင့်နေရာတွင် သေဆုံး သွားခဲ့သည် ၊သေဆုံးမှု့ကို ဓမ္မတာ အတိုင်း ဟုတ် /မဟုတ် ကို သာယာဝတီမြို့မ ရဲစခန်းမှ တာဝန်းမှူး ဒု /ရဲအုပ် စည်သူထိုက်မှ အရေးယူပေးပါရန် တရားလို လုပ် တိုင်ကြားသဖြင့် သာယာဝတီမြို့မ ရဲစခန်းမှ စခန်းမှူး ဒု /ရဲမှူးတင်ထွဋ် မှ အမှု့အားလက်ခံ စစ်ဆေးပြီး သေမှု့သေခင်းနှစ်စဉ် အမှတ် ( ၃၀ / ၂၀၁၆ )ဖြင့် စစ်ဆေးဆောင်ရွက် နေသည်ဟုသိရသည် ။

အခင်းဖြစ်သည့်ကို ကြားသည့်နှင့်တပြိုင်တည်း သာယာဝတီ မြို့နယ် မီးသတ်စခန်းမှ ဦးစီးမှူး ဦးဇော်နိုင်ဝင်းပါ (၅ ) ဦး သုံးဆယ်မြို့ ကရုဏာရှင် လူမှု့ကူညီရေးအသင်းမှ ( ၆ ) ဦး တို့သည် စက်လှေကား ညှပ်ကာ သေဆုံးနေသော ကိုအောင်ကိုလတ်အား စက်လှေကားမှ သံဘောင်နှင့် အခင်းများ ကို ( ၄ )နာရီ ကြာ ဖျက်ထုပ််ကာ ရယူ ဆောင််််ရွက်ပေးခဲ့ရသည် ဟု ဆောင်ရွက်ပေး ခဲ့သည့် မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်း ်မှ ပြောကြားခဲ့သည် ။

Credit - ကိုဖိုးစံ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။