ဦးအန့်၏ အနန္တသုခ ဆီးချိုသွေးချိုကျဆေး စင်ကာပူတွင် ရောင်းချခြင်းနှင့် သုံးစွဲခြင်း ပိတ်ပင်လိုက်ပြီ

အသက် ၆၀ အရွယ် ဆီးချိုရောဂါသည် အမျိုးသမီးတစ်ဦး ဦးအန့်၏ အနန္ဒသုခ ဆီးချိုသွေးချိုကျဆေးကို ၃ လခန့် သောက်သုံးခဲ့ပြီးနောက် ဆေးရုံ ၂ ပတ်ခန့်တက်ခဲ့ရကြောင်း Health Sciences Authority (HSA) စင်ကာပူမှ ထုတ်ဖော်ပြောလိုက်ပါတယ်။

ဆီးချိုရောဂါအတွက် သူငယ်ချင်းတစ်ယောက်မှ ဒီဆေးကိုသောက်ဖိုု့ အကြံပြုခဲ့ရာမှ ပန်နင်ဆူးလားပလာဇာ ဆိုင်တစ်ဆိုင်မှ ဝယ်ယူသောက်သုံးခဲ့တာလို့ HSA က ပြောပါတယ်။ ဒီဆေးကို ၃ လခန့်သောက်သုံးပြီး ရောဂါသည်ဟာ မောပန်းလာတယ်။ ချောင်းဆိုးပြီး အားအင်ကုန်ခန်းလာတယ်လို့ ဆိုပါတယ်။

ဆရာဝန်နဲ့ ပြကြည့်လိုက်တော့ သူ့မှာ agranulocytosis ရောဂါဖြစ်နေမှန်းသိခဲ့ရတယ်။ agranulocytosis ဆိုတာ a serious blood disorder whereby the patient has a low white blood cell count and is prone to fall sick from infections ဖြစ်ပါတယ်။

HSA မှ အဲဒီဆေးကို ဓာတ်ခွဲကြည့်လိုက်တော့ Glibenclamide and Yohimbine ဆိုတဲ့ ဆေးထဲမှာ ဖော်ပြမထားတဲ့ အာနိသင် ၂ မျိုးကိုတွေ့ရတယ်။ အဲဒီဆေးကို ရောင်းချပေးသော ပန်နင်ဆူးလားပလာဇာ ဆေးဆိုင်မှ ဆေးများကိုလည်း သိမ်းဆည်းထားပြီး လိုအပ်သော စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စင်ကာပူတွင် ဦးအန့်၏ အနန္တသုခ ဆေးကို ဝယ်ယူသောက်သုံးနေတဲ့မည်သူမဆို ချက်ချင်း သုံးစွဲမှုရပ်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ကြောင်း HSA မှ သတင်းထုတ်ပြန်ထားပါတယ်။

ဦးအန့်၏အနန္တသုခဆေးနှင့်အတူ ပုံပါ ဆေး ၂ မျိုးကိုလည်း မသုံးစွဲဖို့ HSA မှ သတင်းထုတ်ပြန်ထားပါတယ်။

Ref:Today, ST

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။