ပရိသတ်အချစ်တော်မင်းသားချော ကျော်ကျော်ဗိုကတော့လက်ရှိ လေးစာအားကျရတဲ့ ဆရာတစ်ဆူကိုပြသခဲ့ပါတယ်။ အနုပညာလောကရဲ့ တစ်ချိန်က နာမည်ကြီး မင်းသားကြီးဖြစ်တဲ့ ဦးညွှန့်ဝင်းပဲဖြစ်ပါတယ်။ အနုပညာသတ်တမ်း ကြီးရင့်သူတစ်ယောက်ဖြစ်ပြီး ၁၉၆၃ ခုနှစ်က " သတို့သမီးအလိုရှိသည် " ရုပ်ရှင်းဇာတ်ကားကြီးကို ပထမဆုံးရိုက်ကူးခဲ့တာ ပဲဖြစ်ပါတယ်။  

ဦးညွှန့်ဝင်းကတော့ ရုပ်ရှင်ဇာတ်ကားကြီးပေါင်း ၂၀၀ ကျော်ရိုက်ကူးခဲ့ပြီး အကယ်ဒမီ ဆု ၇ ဆုအထိ ရယူနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီး ဦးညွှန့်ဝင်းကတော့ သရုပ်ဆောင်ကျော်ကျော်ဗို ရဲ့ ရဲ့ဦးလေးဖြစ်ပြီး လေးစားဂုဏ်ယူရသော အနုပညာရှင်ကြီးတစ်ဦးဖြစ်ကြောင်း ပြောပြထားတာတွေ့ရပါတယ်။  

ကျော်ကျော်ဗိုရဲ့ စာသားလေးကတော့ "ကျွန်တော်လေးစားဂုဏ်ယူအားကျရသော ... ကျွန်တော့်ဘဘ 1963 " သတို့သမီးအလိုရှိသည် " ပထမဦးဆုံးရုပ်ရှင်၊ ရုပ်ရှင်ကားပေါင်း 200 ကျော် အကယ်ဒမီ 7 ဆု ဘဘသက်ရှည်ကျန်းမာပါစေ " ဟူ၍ ဦးညွှန့်ဝင်းရဲ့ ဓာတ်ပုံနှင့်အတူ ပြသထားတာတွေ့ရပါတယ်။ ပရိသတ်အများစုရဲ့ ရင်ထဲမှာ ယနေ့ထိကျန်ရှိနေတဲ့ အနုပညာရှင်ကြီးတွေထဲကတစ်ဦးဖြစ်တဲ့ ဦးညွှန့်ဝင်းရဲ့ ဓာတ်ပုံလေးတွေနှင့်အတူ မျှဝေပေးလိုက်ပါတယ်။

Source - Kyaw Kyaw Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။