လက်ရှိမြန်မာ့ ဘောလုံးကတော့ အဆင့်တစ်နေရာရရှိဖို့ရုန်းကန်နေရတဲ့ အသင်းတွေထဲက တစ်သင်းအပါအဝင်ပဲဖြစ်ပါတယ်။ လက်ရှိ လက်ရွေးစင်အသင်းကြီးတွေသာမက အငယ်အသင်းတွေက လည်းကြိုးစားမှုများစွာပြုလုပ်နေကြောင်း သိရပါတယ်။ ဟောင်ကောင်ဖိတ်ခေါ်ဖလားJockey Club International Youth (U15) ပြိုင်ပွဲ မြန်မာယူ - ၁၅ အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။  

ဟောင်ကောင်ဖိတ်ခေါ်ဖလားJockey Club International Youth (U15) ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင် ယူ-၁၅ အသင်းကတော့ တတိယဆုနှင့် အသန့်ရှင်းဆုံးအသင်းဆု ဆွတ်ခူးရရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ နာမည်ကောင်း တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ မြန်မာ ယူ-၁၅ အသင်းသည် အိမ်ရှင် ဟောင်ကောင်၊ မလေးရှား၊ စင်ကာပူ အသင်းတို့နှင့် အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဟောင်ကောင် ယူ-၁၅ အသင်းနှင့် ဂိုးမရှိသရေ၊ မလေးရှား ယူ-၁၅ အသင်းကို ခုနစ်ဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး စင်ကာပူ ယူ-၁၅ အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။ 

မြန်မာအသင်းသည် အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားအပြီး ရပ်တည်မှုတွင် တတိယနေရာရခဲ့ကာ အဝါ၊ အနီပြစ်ဒဏ်နည်းခဲ့သောကြောင့် အသန့်ရှင်းဆုံးအသင်းဆုကိုပါ ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ ယင်းအသင်းကို ဂျပန်နိုင်ငံသားနည်းပြ တာကူမူက ကိုင်တွယ်ခဲ့ပြီး အကယ်ဒမီများမှ ကစားသမားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။