လူငယ်တွေရဲ့ဘဝမှာ အဆင်မပြေတာတွေဖြစ်လာခဲ့ရင် ဦးစွာအပြစ်တင်မိတာက သူတို့ရဲ့မိဘတွေကိုပါ။ မပြည့်စုံတဲ့အခြေအနေနဲ့မွေးဖွားခဲ့ရလို့ ကောင်းမွန်စွာမနေထိုင်နိုင်တဲ့အခြေအနေပေါ် အပြစ်တင်ကြေကွဲမိပြီး စိတ်ဖိစီးမှုတွေရတတ်ပါတယ်။ ဒီလို အပြစ်တင်တာကနေ နောက်ဆုံးထွက်ပေါက်အနေနဲ့ သေဆုံးခြင်းကိုသာ ရွေးချယ်တတ်ကြပါတယ်။ နောက်ဘဝမှာလဲ ဒီလိုအဖြစ်မျိုးမကြုံပါစေနဲ့လို့ ဆုတောင်းရင်းနဲ့ပေါ့။

တရုတ်ပြည် Anhui အရပ်မှာရှိတဲ့ ၁ရနှစ်အရွယ်လူငယ်လေးကတော့ သူ့ရဲ့မပြည့်စုံမှုတွေကို အဆုံးသတ်ဖို့အတွက် နောက်ဆုံးကိုယ့်ကိုကိုယ်သတ်သေခဲ့ပါတယ်။ သူဟာ သူ့မိဘတွေအတွက် စာတစ်စောင်ရေးသားထားခဲ့ပါတယ်။ စာထဲမှာ သူ့ရဲ့သေဆုံးခြင်းဟာ ဘယ်သူ့ပယောဂမှမဟုတ်ဘဲ ကိုယ့်ကိုကိုယ်သတ်သေတာသာဖြစ်ပြီး နောက်ဘဝမှာ ချမ်းသာတဲ့သူအနေနဲ့ ပြန်ဝင်စားမှာပါလို့ သူ့မိဘတွေကိုရေးသားခဲ့ပါတာ်။

ဒါ့အပြင်စာထဲမှာ သူသေဆုံးပြီးနောက် သူ့ရဲ့ကျောက်ကပ်ကို ထုတ်ပြီးရောင်းဖို့ သူ့မိဘတွေကို တိုက်တွန်းခဲ့ပါသေးတယ်။ ကျောက်ကပ်ရောင်းလို့ရတဲ့ပိုက်ဆံနဲ့ ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ သူ့မိဘတွေကို မှာကြားခဲ့ပါသေးတယ်။ သူ့ရဲ့မိဘတွေကတော့ သားဖြစ်သူကို ပြည့်စုံအောင်မထားနိုင်တဲ့အပေါ် ဝမ်းနည်းလို့မဆုံးခဲ့ပါဘူး။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။