ပထမဆုံးလိင်ဆက်ဆံမှုလို့ဆိုပေမယ့် ကိုယ့်ကျန်းမာရေးအတွက် မှန်ကန်တဲ့လိင်ဆက်ဆံမှုကို ပြုလုပ်နိုင်ဖို့အတွက် သတိထားရမယ့်အချက်တွေ တင်ပြပေးလိုက်ပါတယ်။ 

၁။ ကွန်ဒုံးသုံးဖို့အထူးသတိပြုပါ

ပထမဦးဆုံးအကြိမ် လိင်ဆက်ဆံမှုပြုလုပ်ရာမှာ တော်တော်များများက ငယ်ငယ်ရွယ်ရွယ်ပဲ ဖြစ်တတ်ကြတဲ့အတွက် အကာအကွယ်ပစ္စည်းတွေအသုံးပြုဖို့ မေ့လျော့တတ်ကြပါတယ်။ လိင်နဲ့ပတ်သက်တဲ့ ရောဂါတွေအပြင် ကိုယ်ဝန်ကိုလည်း တားဆီးနိုင်တဲ့အတွက် ကွန်ဒုံးအသုံးပြုဖို့ကိုတော့ ပထမဦးဆုံး လိင်ဆက်ဆံမှုအရွယ်မှာဖြစ်စေ၊ အခြားမည်သည့်အချိန်မှာဖြစ်စေ လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးဖို့ မမေ့ဖို့ အထူးတိုက်တွန်းချင်ပါတယ်။

၂။ ကွန်ဒုံးသုံးဖို့ငြင်းခဲ့မယ်ဆိုရင်

တကယ်လို့ ကွန်ဒုံးအသုံးပြုဖို့ကို သင့်လိင်ဆက်ဆံဖက်က ငြင်းဆန်နေမယ်ဆိုရင်တော့ လိင်ဆက်ဆံဖို့ကို သင့်အနေနဲ့လည်း လိုက်လျောမှုမပြုလုပ်ပါနဲ့တော့။ ကိုယ့်ကို နားလည်မှုပေးနိုင်တဲ့ လိင်ဆက်ဆံမှုကို စိတ်ချလုံခြုံစွာ ဆက်ဆံမှုပြုနိုင်တဲ့ လူတစ်ဦးနဲ့ပဲ လိင်ဆက်ဆံမှုကို ပြုသင့်ပါတယ်။တကယ်လို့သင်ဟာသူ့အတွက ်အကောင်းဆုံးလိင်ဆက်ဆံဖော်ဖြစ်ခဲ့မယ်ဆိုရင်

ဘယ်သူမှတော့ ခံစားချက်ဆိုးရွားတဲ့ လိင်ဆက်ဆံမှုကို ဖြစ်စေချင်မှာ မဟုတ်ပါဘူး။ တကယ်လို့ သင်ရော၊ သင့်ချစ်သူရောဟာ ပထမဦးဆုံးအကြိမ် လိင်ဆက်ဆံမှုဖြစ်ခဲ့မယ်ဆိုရင်တော့ သင်တို့နှစ်ယောက်စလုံး အကောင်းဆုံး လိင်ဆက်ဆံမှုဖြစ်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။

၃။ အကျႌချွတ်ပေးဖို့မဝံမရဲဖြစ်နေမယ်ဆိုရင်

ဒါကတော့ မိန်းကလေးတော်တော်များများဖြစ်တတ်ကြတဲ့ ကိစ္စပါ။ ဒါပေမယ့် ပထမဦးဆုံးလိင်ဆက်ဆံတဲ့ကိစ္စမှာ ကိုယ့်ရဲ့ ဆက်ဆံဖော်အမျိုးသားကို ကာမရမ္မက်ပိုမိုထက်သန်စေပြီး ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုဖြစ်စေချင်တယ်ဆိုရင်တော့ ကိုယ်ကပဲ စပြီးသူ့အကျႌကိုချွတ်ပေးလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

၄။ အောက်ခံဘောင်းဘီရွေးချယ်ဝတ်ဆင်ပါ

တကယ်လို့သင့်အနေနဲ့ ရိုးရိုးအတွင်းခံဝတ်ဆင်ထားမယ်ဆိုရင်...

လှတော့လှပါတယ်။ ဒါပေမယ့် ဆွဲဆောင်အားတော့ မရှိပါဘူး။ သင့်ရဲ့လိင်ဆက်ဆံဖက်အနေနဲ့ကတော့ အရသာမရှိတဲ့ ကိတ်မုန့်တစ်လုံးကို စားနေရသလိုမျိုး ခံစားရလိမ့်မယ်ဆိုတာ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုအောက်ခံဘောင်းဘီမျိုးဝတ်မယ့် အစား အခြားဆွဲဆောင်အားရှိတဲ့ အောက်ခံဘောင်းဘီမျိုးကို ရွေးချယ်ဝတ်သင့်ပါတယ်။

၅။ အကြိမ်အရေအတွက်နဲ့ ချစ်သူနှစ်ဦးကြားဆက်ဆံရေး

နဝမမြောက်တွေ့ဆုံချိန်လိင်ဆက်ဆံခြင်းလား

၉ ကြိမ်မြောက်တွေ့ဆုံချိန်ကျမှ လိင်ဆက်ဆံမှုပြုလုပ်တယ်ဆိုရင်တော့ အတော်အသင့် ဆက်ဆံရေးကောင်းတယ်လို့သတ်မှတ်ပါတယ်။ဘာလို့လည်းဆိုတော့ အဲဒီအချိန်မှာတော့ တစ်ယောက် အကြောင်း တစ်ယောက် အနည်းငယ်သိပြီးသားဖြစ်နေလို့ပဲဖြစ်ပါတယ်။ဒီတော့နားလည်မှုရှိပြီးသား ဆက်ဆံရေးတစ်ခုပိုမိုခိုင်မြဲသွားပြီလို့ သတ်မှတ်လို့ရပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။