မြန်မာနိုင်ငံရဲ့ အထင်ကရမြို့တွေထဲကတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးကတော့ ယခုအချိန်မှာ စည်ကားလျှက်ရှိတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ကလေး၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာမြို့များသည် ရှေးဟောင်း အမွေအနှစ်များ၊ အထင်ကရနေရာများစွာ ရှိသဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားဝင်ရောက်မှုမှာ နှစ်စဉ်မြင့်တက် လျက်ရှိကြောင်း သိရပါတယ်။ (၂ဝ၁၆-၂ဝ၁၇)နှစ်တွင် ပြည်ပခရီးသွား(၂၄၁၂၉)ဦး၊ ပြည်တွင်းခရီးသွား (၁ဝ၉၅၂၁)ဦး၊ စုစုပေါင်း (၁၃၃၆၅ဝ)ဦး ဝင်ရောက်ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ ပြည်တွင်းခရီးသွား (၁၂၇၇၉ဝ) ဦးနှင့်ပြည်ပခရီးသွား(၂၆ဝ၉၉)ဦးအထိ ဝင်ရောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၏ မှတ်တမ်းများအရ သိရပါတယ်။ 

''၂ဝ၁၇ ခုနှစ်ထဲမှာဆိုရင် ဗန်းမောက်မြို့နယ်က ဇလုံတောင်ဘုရားက ပြည်တွင်းခရီးသွားတွေ ပိုပြီးစိတ်ဝင်တစားနဲ့ သွားကြတာကို တွေ့ရပါတယ်။ သူနဲ့တစ်ဆက်တည်း အင်းတော်မြို့နယ်က မန်လည် ဆရာတော်ကြီး ရုပ်ကလပ်တော်ရှိတဲ့ မန်လည်ကျောင်းကိုလည်း ခရီးသွားတွေ ဝင်ရောက်မှုဟာ များလာပါတယ်။ မိသားစုလိုက်၊ အဖွဲ့လိုက် ခရီးသွားလို့ကောင်းတဲ့ နေရာတွေလည်း အများကြီးရှိပါသေးတယ်၊ လာမယ်နှစ်တွေမှာလည်း ပြည်တွင်း/ပ ခရီးသွားတွေပိုပြီးတော့ တိုးတက်လာမယ့် အခြေအနေမှာ ရှိနေပါတယ်'' ဟု ၎င်းက ပြောပြခဲ့ပါတယ်။ 

လက်ရှိ လာရောက်လေ့လာသူအများအပြားကတော့ မုံရွာ၊ ကလေး၊ စစ်ကိုင်း၊ ရွှေဘို၊ကသာမြို့များကို အဓိကလာရောက်လေ့ရှိတာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ခရီးသွားဧည်သည်တွေ ပိုမိုစိတ်ဝင်စားမှုများပြားအောင် ပြုပြင် ဖန်တီးမှုများစွာ ပြုလုပ်လျှက်ရှိကြောင်း သိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။