မန္တလေး ၄၁လမ်းက ရွှေတချောင်းမြောင်းမှာ ကလေးနှစ်ယောက် ၀ါးလုံးကိုင်းပြီး ရေထဲမှာ ချမ်းတုန်နေတဲ့ ခွေးလေးကို ဆင်းကယ်နေတဲ့ပုံလေးတွေပါ။ ဒါကို မှတ်တမ်းယူထားတဲ့ Ko Lwan Nya Moe က အခုလိုရေးထားပါတယ်။ "ဒီနေ့မနက်က ကျွန်တော် ၄၁လမ်း ရွှေတချောင်း မှာ ဆိုင်ကယ်မောင်းလာတုန်းး

ကလေးနှစ်ယောက်ကဝါးလုံးကိုင်ထားပြီး တစ်ယောက်က ဘာမပြောညာမပြော နဲ့ ချောင်းထဲဆင်းချသွားလို့ ရင်တထိတ်ထိတ် နဲ့

အလိုလို ဆိုင်ကယ် ရပ်ပြီး ကြည့်လိုက်မိတယ်

တွေ့လိုက်ရတဲ့မြင်ကွင်းက တော့ မြင်တဲ့အတိုင်းပါပဲဗျာ ရေထဲမှာ ချမ်းတုန်နေတဲ့ခွေးလေးကို ဆင်းကယ်နေတာပါ

သတ္တဝါလေးတွေအပေါ် လူပီသစွာ စိတ်ဓါတ်မြင့်မြတ်ပြီး ကယ်တင်ခဲ့တဲ့ညီလေးတို့ကို ဒီနေရာလေးမှ လေးစားဂုဏ်ပြုအပ်ပါတယ်

"

Ref., Lwan Nya Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။