တိုင်းမှူးဦးဝင်းနိုင်၏ သူငယ်ချင်းဟု အမည်ကို အလွဲသုံးစားပြုပြီး

ယာဉ်စည်းကမ်းလမ်းစည်းဖောက်ဖျက်သူ 5F-8266 LandCruiser

(Cygnus)ပိုင်ရှင်အား အရေးယူဆောင်ရွက်သွားမည်ဖြစ်

၂၄.၁၂.၂၀၁၆ ရက်နေ့တွင် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း(အလယ်)

ဘလောက်တွင်5F-8266 Land Cruiser (Cygnus)အမျိုးအစားမော်တော်ယာဉ်

တစ်စီးမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်ပြီး အချိန်ကြာမြင့်စွာ

ရပ်တန့်ထားသဖြင့် အခြားယာဉ်ပိုင်ရှင်တစ်ဦးမှ မီးပွိုင့်တာဝန်ကျ

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးထံသို့ အကြောင်းကြားခဲ့ရာ ယာဉ်ထိန်း

ရဲတပ်ဖွဲ့ဝင်မှ ယာဉ်ပိုင်ရှင်အားဆက်သွယ်အကြောင်းကြားချိန်တွင်

၎င်းယာဉ်ပိုင်ရှင်ရောက်ရှိလာသဖြင့် ယာဉ်ထိန်းရဲမှ ကားဝှီးတက်နှင့်

ယာဉ်မောင်းလိုင်စင်အား ပြသရန်ပြောဆိုစဉ် ၎င်းယာဉ်ပိုင်ရှင်မှ

တိုင်မှူးဦးဝင်းနိုင်ရဲ့သူငယ်ချင်းဟုပြောဆိုပြီး မော်တော်ယာဉ်အား

မောင်းနှင်ထွက်သွားကြောင်း လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင်

ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

“တိုင်းမှူးဦးဝင်းနိုင်ရဲ့သူငယ်ချင်း”ဟု ပြောဆိုသူ အဆိုပါ စည်းကမ်းပျက်

မော်တော်ယာဉ် ပိုင်ရှင်နှင့်ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊

ရဲမှူးချုပ် ဝင်းနိုင်တို့ သိရှိခြင်းမရှိသည့်အပြင် ၎င်း၏ပြောဆိုချက်မှာ

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အမည်ကိုအလွဲ သုံးစားပြုလုပ်ပြောဆို

ခြင်းသာဖြစ်ကြောင်းနှင့် ၎င်းမော်တော်ယာဉ်အား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ

ယာဉ်ပိုင်ရှင်မှာ လမ်းမတော်မြို့နယ်၊ အမှတ်(၉၇)၊ (၁)ရပ်ကွက်နေ

ဒေါ်တင်တင်အောင် ဆိုသူဖြစ်ကြောင်း သိရသဖြင့် သွားရောက်စုံစမ်းရာ

၎င်းလိပ်စာတွင် နိုင်ငံခြားသားများနေထိုင်ကြောင်းတွေ့ရှိပြီး ယာဉ်ပိုင်ရှင်၏

နေရပ်လိပ်စာအမှန်ကို ဆက်လက်စုံစမ်းရှာဖွေလျက်ရှိပါသည်။

ယင်းကဲ့သို့ အဆိုပါသတင်းအား လူမှုကွန်ရက်အင်တာနက်စာမျက်နှာဖော်ပြ

ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖြစ်စဉ်အားသိရှိရသဖြင့်

သတင်းရေးသားဖော်ပြ သူကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနှင့်

၎င်းမော်တော်ယာဉ်နှင့်ပတ်သက်၍လည်း အရေးယူနိုင်ရန် ယာဉ်ထိန်း

ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ဆက်လက်စုံစမ်းရှာဖွေလျက်ရှိပါသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကိုလည်း ယာဉ်စည်းကမ်းလမ်းစည်းကမ်း

ဖောက်ဖျက်သူ မည်သည့်ယာဉ်ကိုမဆို ဥပဒေစည်းမျဉ်းစည်းကမ်းများ

အတိုင်းအရေးယူဆောင်ရွက်သွားရန်နှင့် အထက်အကြီးအကဲများ၏

အမည်ကို အလွဲသုံးစားပြုပြီး စည်းကမ်းဖောက်ဖျက်သူ မည်သူ့ကိုမဆို

ဥပဒေနှင့် အညီအရေးယူသွားရန် မှာကြားထားပြီးဖြစ်ပါသည်။

၎င်းပြင် သတင်းပါမော်တော်ယာဉ်ပိုင်ရှင်မှာ တိုင်းတပ်ဖွဲ့မှူး၏ သူငယ်ချင်း၊

မိတ်ဆွေ ဖြစ်သည်ဟု စိစစ်သိရှိပါကလည်း ဥပဒေအတိုင်းအရေးယူ

ဆောင်ရွက်သွားမည်ဖြစ်ပြီး မည်သူကိုမဆို ဥပဒေချိုးဖောက်ပါက

တရားဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ အမည်ကိုအလွဲသုံးစားပြု၍ အခွင့်

အရေးရယူသွားသူ 5F-8266 LandCruiser(Cygnus) အမျိုးအစား

မော်တော်ယာဉ်ပိုင်ရှင်အား လာရောက်ဖြေရှင်းရန်နှင့် ဖြေရှင်းခြင်းမပြုပါက

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ ယာဉ်လိုင်စင်သက်တမ်း

တိုးမြှင့်ခြင်းကို ရာသက်ပန်ပိတ်သိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်

ပိုင်ရှင်မှလာရောက်ဖြေရှင်းလာပါကလည်း လူမှုကွန်ရက်အင်တာနက်

စာမျက်နှာတွင် ပြန်လည်အသိပေးဖော်ပြပေးသွား မည်ဖြစ်ကြောင်း

အသိပေးဖော်ပြအပ်ပါသည်။

ပြည်သူများအနေဖြင့်လည်း အဆိုပါ အင်တာနက်စာမျက်နှာပါ မော်တော်ယာဉ် 5F-8266 LandCruiser (Cygnus)အမျိုးအစားကိုတွေ့ရှိပါက

အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်သတင်းပေးပို့ပါရန်

အသိပေးအပ်ပါသည်-

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ၀၁- ၂၃၂၃၁၉၉၊ ၁၉၉

အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ၀၁-၂၉၆၄၅၄၊ ၀၁-၂၉၁၂၈၅၊

အမှတ်(၇)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲဝ၉-၅၄၀၉၀၃၀၊၀၉-၂၅၀၀၆၀၈၇

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။