လူတော်တော်များများဟာ ကိုယ့်ရဲ့မွေးနေ့ကို ကိုယ်ချစ်ခင်ရတဲ့ သူတွေနဲ့အတူဖြတ်သန်းချင်ကြသလို ကိုယ်ချစ်ရတဲ့ သူရဲ့မွေးနေ့ဆိုလည်း အနားမှာနေပြီး အတူဖြတ်သန်းချင်ကြပါတယ်။ ပရိသတ်အချစ်တော် မင်းသား နှစ်လက်ဖြစ်တဲ့ အောင်ရဲလင်း နဲ့ ထွန်းထွန်းတို့ နှစ်ဦးကတော့ ချစ်သူကောင်မလေးတွေရဲ့ မွေးနေ့မှာ အနားမှာရှိနေပေးရင် ပျော်ရွှင်စရာ မွေးနေ့အမှတ်တရလေးတွေကို ဖန်တီးခဲ့ပါတယ် ပရိသတ်ကြီးရေ....

အောင်ရဲလင်းကတော့ လက်ရှိမှာ အချစ်ရေးက သာသာယာယာရှိနေပြီး လွန်ခဲ့တဲ့နှစ်ရက် မတ်လ (၂၇) ကတော့ ချစ်သူကောင်မလေးရဲ့ မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။ ချစ်သူကောင်မလေးရဲ့မွေးနေ့ပွဲမှာ တက်ရောက်ခဲ့ပြီး နံဘေးမှာနေပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ အောင်ရဲလင်းရဲ့ ပရိသတ်တွေကတော့ သူတို့စုံတွဲလေးကို အားကျလို့နေတာ တွေ့ရပါတယ်။ ထို့အတူ ထွန်းထွန်းတစ်ယောက်လည်း ချစ်သူရဲ့မွေးနေ့ကို နှစ်ဦးအတူဖြတ်သန်းခဲ့ပါတယ်တဲ့ ပရိသတ်ကြီးရေ။

ထွန်းထွန်းကတော့ သူ့ရဲ့ချစ်သူကောင်မလေးနဲ့အတူ ပျော်ရွှင်စရာ RS လေးတစ်ခုပိုင်ဆိုင်ထားပြီး instagram ပေါ်က သူတို့ရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေကြား အားကျစရာကောင်းလှပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်က ချစ်သူကောင်မလေးအတွက် instagram မှာ မွေးနေ့ဆုတောင်းစကားလေးလည်း ရေးပေးထားတယ်တွေ့ရပါတယ်။ ဒါ့ပြင် နှစ်ယောက်အတူ မွေးနေ့အထိမ်းအမှတ်အဖြစ် အတူညစာစားခဲ့တဲ့ပုံလေးကို တင်ထားတာတွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးရေ ချစ်သူထားမယ်ဆိုရင်လည်း ခုလို ချစ်တတ်တဲ့ သူမျိုးကို ရွေးချယ်ကြဖို့ မမေ့နဲ့နော်......

Photo Source: Tun Tun's instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။