ပြည်သူ့အသည်းကျော် ခေတ်နဲ့ သစ်တို့ရဲ့ မေမေချစ်သုဝေကတော့ ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ယောက်လို့ ချစ်စရာကောင်းပါတယ်..။

ဆယ်ကျော်သက်လူငယ်တွေရဲ့ လွတ်လပ်ပြီး ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်တဲ့ သူမကတော့ ကလေးနှစ်ယောက်မေမေလို့တောင် မထင်ရပါဘူးနော်..။

ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကိုတော့ ချစ်သုဝေက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်..။

လက်မှုအနုပညာတစ်ခုဖြစ်တဲ့ Hand made လွယ်အိတ်လေးကို လွယ်ပြီး ရိုက်ကူးထားပြီး ချစ်စဖွယ်အမူအရာလေးတွေနဲ့ ဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

ခေတ်သစ်အမွှာညီအစ်မလေးတွေရဲ့ မေမေချစ်သုဝေကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားသလို သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူမို့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့် သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့အတူ မီးမီးလေးတွေရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို အမြဲပြန်လည်မျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်..။

Photo - ချစ်သုေ၀ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။