သရုပ်ဆောင် မင်းသမီးခြူးဟာ ကျက်သရေရှိတဲ့ အဝါရောင်ဝတ်စုံလေးနဲ့ လူတကာငေးအောင် လှချင်တိုင်းလှနေပါတယ်။ အနက်နဲ့အဝါကိုရောနှောထားတဲ့ ဝတ်စုံလေးကို အဝါရောင်ခြုံပါဝါလေးကို လိုက်ဖက်အောင် ဆင်မြန်းထားတာကတော့ မကြည့်ဘဲမနေနိုင်အောင်ကို လှနေပါတော့တယ်။ 

သူမဟာ ရွှေဖူးစာ ဆုံရာမြေ ဇာတ်လမ်းတွဲအတွက် ရွှေတိဂုံဘုရားကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဘုရားမှာကန်တော့ပွဲပေးပြီး ပရိသတ်တွေနဲ့လည်း ဓာတ်ပုံတွေရိုက်ကူးထားပါတယ်။ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရလာခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး ယခုဆိုပရိသတ်အခိုင်အမာရရှိနေပြီဖြစ်ပါတယ်။

MRTV -4 မှာရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေကို မပြတ်ရိုက်ကူးရသူလည်းဖြစ်ပြီး သရုပ်ဆောင်ပီပြင်လှသူလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ကျက်သရေရှိလှတဲ့ သူမရဲ့ဓာတ်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ 

source - Chue fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။