တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောတစ်လက်ဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး Kim Tae Hee ကတော့ ရင်သွေးလေးမွေးဖွားပြီးနောက် ပရိသတ်တွေရှေ့ ပထမဆုံးရောက်ရှိလာပါတယ်..။မတ်လ(၂၉)ရက်နေ့ နေ့လည်က ကျင်းပပြုလုပ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး Skincare Brand ဖြစ်တဲ့ “Cellcure” ရဲ့ အခမ်းအနားပွဲလေးကို တတ်ရောက်ခဲ့တာပါ..။

“Cellcure” ရဲ့ ပွဲလေးမှာ အဖြူရောင်ဝတ်စုံလေးနဲ့ ဒေါင့်မြင့်ဖိနပ်လေးကို ရိုးရိုးရှင်းရှင်းလေး ဝတ်ဆင်လာတဲ့ သူမရဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကိုရိုးရှင်းပြီးပြည့်စုံတဲ့အလှလေးတွေကို ပေါ်လွင်စေတာလည်း တွေ့ရပါတယ်..။

အဲ့ဒီပွဲလေးဟာ သူမနဲ့ ရိန်းတို့ရဲ့ရင်သွေးလေးဖြစ်တဲ့ သမီးဦးလေးကိုမွေးဖွားပြီးနောက် သူမကို ပရိသတ်တွေရှေ့မှာ ပထမဆုံးအကြိမ် ပြန်လည်မြင်တွေ့ရတာလည်း ဖြစ်ပါတယ်..။

သိပ်မကြာသေးခင်ကမှ သမီးဦးလေးကိုမွေးဖွားထားတဲ့ မင်းသမီးချော Kim Tae Hee ကတော့ သူမရဲ့ ရိုးရှင်းပြီး ရင့်ကျက်တည်ငြိမ်တဲ့အလှတရားတွေနဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ အလှဆုံးမင်းသမီးတစ်ဦးဖြစ်ကြောင်း သက်သေပြလိုက်သလိုပါပဲ..။

ရိုးရိုးရှင်းရှင်းလေးနဲ့ အခမ်းအနားပွဲလေးကို တတ်ရောက်လာတဲ့ မင်းသမီး Kim Tae Hee ရဲ့ အလှပုံရိပ်လေးတွေကိုလည်း ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Source - KStarLive

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။