Dj Soda လို့အမည်ရတဲ့ မိန်းမလှလေးတစ်ဦးကတော့ ပရိတ်သတ်တွေကြားမှာ အရမ်းရေပန်းစားလှတဲ့ dj ပညာရှင်မလေးတစ်ဦးပဲဖြစ်ပါတယ်။သူမကတော့ ရုပ်ကလေးလဲချောမောလှပတဲ့အပြင် ခန္ဓာကိုယ်လေးကလဲ လှပလှတာကြောင့် ပုရိသတွေကြားက စတားလေးတစ်ယောက်ဆိုလဲမမှားပါဘူး။ 

ရွှေဝါရောင်ဂုတ်ခွဲဆံပင်လေးနဲ့ Dj Soda ကတော့ Dj တီးခတ်ပုံလေးတွေကချစ်ဖို့ကောင်းရုံသာမက အစားစားတဲ့ပုံစံလေးတွေကလဲ ချစ်စရာကောင်းလှပါတယ်။ သူမအစားစားနေပြီဆိုရင်တော့ သေချာမြင်တွေ့နိုင်တာလေးတစ်ခုကတော့ မျက်လုံးလေးကဝင်းလက်နေတာပါပဲ။ ပရိတ်သတ်တွေရော ကိုယ်ကြိုက်တဲ့အစားအစာလေးတွေစားနေရရင် မျက်လုံးလေးတွေဝင်းလက်နေရောပဲလား။ 

အစားစားရင် ပါးလေးပါဖေါင်းသွားတတ်တဲ့ Dj Soda လေးရဲ့ပုံရိပ်လေးတွေက ပရိတ်သတ်တွေရဲ့နှလုံးသားထဲကို ဝင်ရောက်နိုင်ရဲ့လား။ အားလပ်ချိန်တွေမှာ ဟိတ်ဟန်တွေမပါဘဲ ကလေးလေးတစ်ယောက်လို ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ Dj Soda လေးကတော့ ဘယ်လိုနေနေ ချစ်ဖို့ကောင်းလှပါတယ်။ ပရိတ်သတ်ကြီးလဲ Dj Soda ရဲ့ပုံလေးတွေကြည့်ပြီး ရင်ထဲကခံစားချက်လေးတွေပြောပြခဲ့ကြဦးနော်။ 

source -DJ Soda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။