နာမည်ကြီးအဆိုတော် The Weekend ကိုတော့ ဆလီနာနဲ့တွဲခုတ်ဖူးတာမို့ ပရိသတ်တွေ သိနေလောက်မှာပါ။

ဟောလိဝုဒ်ရဲ့ဒိတ်ဒိတ်ကျဲ အဆိုတော်တစ်ဦးဖြစ်တဲ့ The Weekend ဟာ ကမ္ဘာတစ်လွှားမှာ အမိုက်စားသီချင်းတွေနဲ့အတူ ပရိသတ်များစွာကို ပိုင်ဆိုင်ထားပါတယ်။

လက်တလောမှာ My Dead Melancholy ဆိုတဲ့ သီချင်းခွေထွက်ရှိထားပြီး သူ့ရဲ့ နာမည်ကြီးတဲ့ ရည်းစားဟောင်းတွေအကြောင်းကိုလည်း သီချင်းထဲမှာ ထည့်ဆိုထားတယ်လို့သိရပါတယ်။

အသက်(၂၈)နှစ်အရွယ် The Weekend ရဲ့ အဆိုပါသီချင်းခွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကတော့ သီချင်းစာသားတွေကို သေချာအထာအနကောက်ပြီး အဓိပ္ပာယ်ဖော်ထားကြပါတယ်။

စာသားတစ်ကြောင်းချင်းဆီမှာ အဆိုတော် ဆလီနာဂိုးမက်ဇ်နဲ့ စူပါမော်ဒယ်လ် ဘယ်လာဟတ်ဒီး တို့အကြောင်းကို ရည်ရွယ်သီဆိုထားတယ်လို့ ဆိုပါတယ်။

သူ့ရဲ့သီချင်းတစ်ပုဒ်ဖြစ်တဲ့ Call Out My Name ဆိုတဲ့ သီချင်းဟာ ဆလီနာ ရဲ့ ကျောက်ကပ်အစားထိုးခွဲစိတ်တဲ့အကြောင်းကို ဆိုထားတဲ့ပုံပေါ်တယ်လို့ သိရပါတယ်။ 

ဒါ့ပြင် Wasted Times ဆိုတဲ့ သီချင်းမှာတော့ မြင်းစီးတဲ့အကြောင်းကို ဆိုထားတာပါ။

ပရိသတ်တွေသတိထားမိဦးမယ်ဆိုရင်တော့ ဘယ်လာက မြင်းစီးလေ့ရှိသလို မာလီဘူးမှာကျင်းပတဲ့ အားကစားပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတာမို့ ဒါဟာ ဘယ်လာ့အကြောင်းကို စောင်းဆိုထားတာပါ။ သူ့ရဲ့ ရည်းစားဟောင်းနှစ်ယောက်စလုံးဟာ ကမ္ဘာကျော်ဆယ်လီတွေဖြစ်သလို အလှကိုယ်စီနဲ့လှနေကြတဲ့ သူလေးတွေဖြစ်ပါတယ်။  

Source : Justjared

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။