တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောဖြစ်တဲ့ ပရိသတ်တွေရဲ့အသည်းကျော် မင်းသမီး Choi Ji Woo ကတော့ လက်ထပ်လိုက်ပြီလို့ သိရပါတယ်..။

မင်္ဂလာသတင်းတွေမကြားရသလို လက်ထပ်မယ့်ကိစ္စကိုလည်း တစ်ခါမှထုတ်ဖော်ပြောကြားခြင်းမရှိခဲ့တဲ့ အသက် (၄၃) နှစ်အရွယ် မင်းသမီး Choi Ji Woo ကတော့ ရုတ်တရက်ဆိုသလို လက်ထပ်လိုက်တာ ဖြစ်ပါတယ်..။

ချစ်သူသက်တမ်း(၁)နှစ်ရှိပြီဖြစ်တဲ့ သူမရဲ့ချစ်သူနဲ့ မတ်လ(၂၉)ရက်နေ့ နေ့လည်ပိုင်းမှာ လက်ထပ်လိုက်တာဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်..။

သူမရဲ့ချစ်သူဟာ ဆယ်လီတစ်ယောက်မဟုတ်တဲ့ဘဲ မင်္ဂလာပွဲကို တိတဆိတ်ကျင်းပချင်ခဲ့တာကြောင့် မိသားစုဝင်များနဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့သာ မင်္ဂလာပွဲလေးကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်..။

မင်းသမီး Choi Ji Woo ကလည်း သူမရဲ့ မင်္ဂလာသတင်းကို သူမရဲ့လူမှုကွန်ယက်ကနေတဆင့် သူမကိုယ်တိုင်စာလေးတစ်စောင်ရေးသားပြီး ပရိသတ်တွေကို အသိပေးပြောကြားခဲ့ပါသေးတယ်..။

"ပထမဆုံးအကြိမ်အဖြစ် ဒီစာကိုရေးရမှာ ရှက်ပြီး ကြောက်သလိုခံစားမိပါတယ်.. ရုတ်တရက်ကြီးဖြစ်သွားခဲ့တာဆိုတော့လေ.. ဒါပေမဲ့ ကျွန်မ သတင်းကောင်းလေး ပြောမှာပါ..။ မတ်လ (၂၉) ရက်နေ့မှာ ဘဝတစ်ခုကို အတူလက်တွဲ တည်ထောင်ချင်တဲ့သူနဲ့ ကျွန်မ လက်ထပ်လိုက်ပါပြီ..။

မိသားစုဝင်တွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေအချို့လောက်နဲ့ပဲ မင်္ဂလာပွဲကို အကျဉ်းရုံး ကျင်းပခဲ့ပါတယ်.. ကျွန်မချစ်တဲ့ ဒီလူနဲ့ ပျော်စရာတဲ့ မိသားစုဘဝလေးကို စတင်တော့မှာဖြစ်ပြီး ကျွန်မတို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းလေးစားနေမှာပါ..။

ချစ်ရတဲ့ပရိသတ်တွေကို ဒီထက်စောစော ပြပြခဲ့သင့်ပေမယ့် ကျွန်မခင်ပွန်းက နာမည်ကြီးဆယ်လီတစ်ယောက် မဟုတ်တဲ့အတွက် ဂရုစိုက်ချင်ခဲ့မိတာမို့ပါ.. ရှင်တို့တွေ ကျွန်မတို့ကို နားလည်ပေးပြီး ဆုတောင်းပေးကြမယ်လို့ မျှော်လင့်ပါတယ်..။

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးနေကြတာတွေကို အမြဲအမှတ်ထားသတိရနေမှာပါ.. အနုပညာအလုပ်တွေကိုလည်း ကျွန်မဆက်ပြီးလုပ်ဆောင်သွားမှာပါ..။ အားလုံး ကျန်းမာကြပါစေ.. ကျေးဇူးတင်ပါတယ်.. အားလုံးကိုလည်း ချစ်ပါတယ်.." လို့ ရေးသားထားတာ ဖြစ်ပါတယ်..။

Source - KStarLive

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။