သမိုင်းဝင်လှတဲ့ ပုဂံမြို့ကြီးရဲ့အငွေ့အသက်တွေကြားမှာ ပီပြင်လွန်းကာ အသက်ဝင်လှတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုက မကြာခင် အချိန်အတောအတွင်းမှာ ပရိသတ်ကြီးရှေ့ကို ရောက်ရှိလာတော့မှာပါ ။

ကလဲ့စားတွေ ရန်ငြိုးအာဃာတတွေကြားက စစ်မှန်တဲ့ချစ်ခြင်းနဲ့ ငြိမ်းချမ်းမှုတွေကို မြင်တွေ့ရမှာပါ ။

ရိုက်ကူးနေဆဲကာလကတည်းက ပရိသတ်ရဲ့အချစ်တွေ စိတ်ဝင်စားမှုတွေကို ရရှိအောင် ဆွဲခေါ် နိုင်တဲ့ ဇာတ်လမ်းတွဲလေးမို့ အောင်မြင်မှုတွေနဲ့အတူ စံချိန်တင်အုံးမယ့် ဇာတ်လမ်းတွဲလေးတစ်ခုလည်း ဖြစ်ပါတယ် ။

ဝါရင့်သရုပ်ဆောင်မင်းသားကြီး ကျော်သူအပြင် ဒေါင်း၊ ထူးအောင်နဲ့ မေမြင့်မိုရ်တို့က ပါဝင်ကာ ပုဂံမြို့သူ ကိုအားဖြည့်ထားပါတယ် ။

မင်းသားကြီးကျော်သူကတော့ သူရဲ့ဝါရင့်သရုပ်ဆောင်အတွေ့အကြုံတွေကို မျှဝေခြင်း၊ လမ်းညွှန်ပေးရင်းနဲ့ မျိုးဆက်သစ်ကလေးတွေကို ဆွဲခေါ်လို့နေပါတယ် ။

ဒေါင်းနဲ့ မေမြင့်မိုရ်တို့ကြားက စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ တရားကို ထူးအောင်တစ်ယောက် ဘယ်လိုများ တုံပြန်လိုက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကောင်းအောင် မြင်တွေ့ရတော့မှာပါ ။

လွမ်းမောစရာကောင်းပြီး မြင်တွေ့နေကျဇာတ်လမ်းများနဲ့ ကွဲထွက်နေတဲ့ ဒီဇာတ်လမ်းလေးကို လည်း ပရိသတ်ကြီးက စောင့်မျှော်အားပေးဖို့ မမေ့ပါနဲ့အုံးနော် ။

Source – Kyaw Thu & May Myint Moh FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။