မော်ဒယ်တစ်ဦးအဖြစ်အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ မယ်လိုဒီဟာ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးခဲ့ပြီး လွန်ခဲ့တဲ့နှစ်တွေက အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားပြီဖြစ်ပါတယ်။

တစ်သားမွေးတစ်သွေးလှပြီး ပိုပိုပြီးနုပျိုလှပလာတဲ့ မင်းသမီးချော မယ်လိုဒီကတော့ သူမအသက်အရွယ်ရလာပြီဆိုတဲ့အကြောင်း သွယ်ဝိုက်ကာအခုလို ငြီးတွားလိုက်ပါတယ်။

“မင်္ဂလာဆောင်မှာ မင်္ဂလာလက်စွပ်ဆင်မြန်းပေးတဲ့အရွယ်ရောက်ပြီတဲ့ရှင် နုပျိုချင်ယောင်ဆောင်သော်လည်း မရတော့ပေ” ဆိုပြီး သူမရဲ့ဖေ့ဘုတ်မှာ ရင်ဖွင့်လိုက်ပါတယ်။

မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့ မယ်လိုဒီဟာ သားလေးမွေးပြီးနောက် ကျန်မာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေနားထားခဲ့ပေမယ့် တစ်နှစ်ကျော်မှာတော့ ကြော်ငြာနဲ့ ဇာတ်ကားရိုက်ကူးမှုတွေ ပြန်လည်လုပ်ကိုင်လာတာဖြစ်ပါတယ်။

အနုပညာလောကနဲ့ အဆက်သွယ်ခဏပြတ်သွားခဲ့ပေမယ့်လည်း ယနေ့အချိန်ထိ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်များစွာရှိနေတာပါ။

အိမ်ထောင်ရေးကံကောင်းပြီး သားလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်ဖွယ် မိသားစုဘဝလေးပိုင်ဆိုင်ထားတာမို့ သူမကို အားကျနေတဲ့ ပရိတသ်တွေလည်း ရှိနေတာပါ။

ပွဲတက်ဖက်ရှင်လေးတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို တစ်နေ့တစ်မျိုးမရိုးအောင်ဖမ်းစားနိုင်တာမို့ ကလေးအမေလို့တောင် ထင်ရက်စရာမရှိတာကိုတွေ့ရမှာပါ။

ချစ်စရာကောင်းပြီး နုပျိုလှပသလို စိတ်ထားကောင်းတဲ့ သူမကိုတော့ ပရိသတ်တွေက ချီးကျုးမဆုံးဖြစ်လို့နေပါတယ်။  

Source :Melody Myo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။