အနုပညာသက်တမ်းအရှည်ဆုံး လူငယ်ဟစ်ဟော့အဆိုတော်တစ်ဦးအဖြစ် ဒီနေ့အချိန်ထိ နှုတ်ခမ်းနီမလေးတွေအသဲစွဲဖြစ်သူကတော့ စိုင်းစိုင်းခမ်းလှိုင်ပါပဲ။

လူမှုဆက်ဆံရေးကောင်းမွန်ပြီး ပရိသတ်တွေနဲ့ အနုပညာအသိုင်းဝိုင်းက ချစ်ခင်လေးစားမှုတွေကိုပါ ရရှိထားသူမို့ သူ့ရဲ့ အောင်မြင်မှုကတော့ အဒွန့်ရှည်နေဆဲဖြစ်ပါတယ်။

အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းကတော့ SAI အမည်နဲ့ ကိုယ်ပိုင် Brand ဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံထုတ် နှုတ်ခမ်းနီတွေထုတ်လုပ်ရောင်းချလျက်ရှိပြီး သူ့ရဲ့ နှုတ်ခမ်းနီတွေကတော့ တစ်နိုင်ငံလုံးက မိန်းကလေးပရိသတ်တွေကြားမှာ အရောင်းသွက်နေတာဖြစ်ပါတယ်။

အရောင်အသစ်ထွက်တိုင်း နီးစပ်ရာအနုပညာရှင်တွေကို လက်လှမ်းမီသလောက် လက်ဆောင်ပို့ပေးလေ့ရှိတာမို့ ဒီနေ့မှာလည်း သူပို့ပေးတဲ့ မင်းသမီးတွေထဲမှာ မယ်လိုဒီတစ်ယောက်လည်း ပါဝင်ပါတယ်။ သားလေးတစ်ယောက်ရဲ့ မေမေ မယ်လိုဒီကတော့ ကွီးစိုင်းနဲခင်မင်ရင်းနှီးသူဖြစ်သလို အခုလို မထင်မှတ်ပဲ နှုတ်ခမ်းနီလက်ဆောင်ခြင်းလေး ရလိုက်တဲ့အချိန်မှာ ရင်ခုန်စိတ်လှုပ်ရှားမိကြောင်း ဖွင့်ဟလိုက်ပါတယ်။

"အော် ကွီးSAI ရယ်

ရင်တွေခုန်လိုက်တာ

အိမ်ရောက်ရောက်ခြင်း လက်ဆောင်ခြင်းလေးကိုမြင်လိုက်ရတာ ရင်ထဲမှာ ဘာညာ ဘာညာ အရမ်းပျော်သွားတယ်ဗျာ

ရင်ထဲကSAI ဟိဟိ" ဆိုပြီး စနောက်တဲ့ သဘောလေးနဲ့ ချစ်စဖွယ်ရေးသားထားတာကိုတွေ့ရပါတယ်။

Source- Melody myo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။