နာမည်ကျော်များဖြစ်ကြတဲ့ အလင်းရောင်၊ ညိမ်းသော်၊ ငြိမ်းချမ်းထက်အောင်၊ မေမြတ်နိုးနဲ့ မအေးသောင်းတို့ကတော့ မနေ့ကကျင်းပတဲ့ Clear ရဲ့ နွေရာသီပွဲတော်မှာ အတူတူပျော် ပျော်ရွှင်ရွှင် ဆင်နွှဲခဲ့ကြတာပဲဖြစ်ပါတယ်။ Water Boom မှာ ကျင်းပခဲ့တဲ့ဒီပွဲလေးက တော့ ပရိတ်သတ်တွေနဲ့ အတူတူပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ အတူတူရေ ကစားခဲ့ကြပြီး နွေရာသီရောက်တိုင်း အမြဲကျင်းပတတ်တဲ့ ရေသဘင်ပွဲတော်အတွက် ရည်စူးပြီး ဆင်နွှဲခဲ့တာဖြစ်ပါတယ်။

အားလုံးကလည်း အနုပညာအသိုင်းအဝိုင်းမှာ လူသိများပြီး အောင်မြင်တဲ့သူတွေဖြစ်ကြပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကိုအပြည့်အဝရရှိထားသူတွေဆိုလည်း မမှားပါဘူး။ နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့သူတွေဖြစ်ပြီး ပရိတ်သတ်တွေနဲ့ ထပ်တူပျော်ရွှင် နေတဲ့ ပုံရိပ်တွေက တကယ်ကိုအားကျစရာကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ Clear ရဲ့ အင်္ကျ ီလေး တွေဝတ်ပြီး ပရိတ်သတ်တွေနဲ့အတူတူ ပျော်ခဲ့ကြတာပဲဖြစ်ပါတယ်။

အတာရေသဘင်ပွဲအကြိုပုံစံလေးကျင်းပကြတာဖြစ်ပြီး တကယ့်ကိုစည်စည်ကားကားနဲ့ ပျော်စရာ ကောင်းတဲ့ ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပရိတ်သတ်တွေနဲ့ တသားတည်းထပ်တူ ကျပြီးပျောျ်ရွှင်နေတဲ့ သူတို့ရဲ့ပုံရိပ်လေးတွေက တကယ်ကိုကြည်နူးစရာပါပဲ။ Clear နဲ့အတူ နွေရာသီပွဲတော်ကို ပျော်ပျော်ကြီးဆင်နွှဲနေတဲ့ ဆယ်လီတွေရဲ့ပုံရိပ်တွေကို ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုုက်ပါတယ်။

Photo - Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။