သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပွင့်နဒီမောင်တစ်ယောက် သူမပါဝင်သရုပ်ေ်ဆာင်ထားတဲ့ " နေရယ် လရယ် အမှန်တရားရယ် " ရုပ်သံဇာတ်လမ်းတွဲမှာ သူမရဲ့ဇာတ်ရုပ်ကို ပီပြင်အောင် အကောင်းဆုံး သရုပ်ဖော် ခဲ့ပုံတွေကို Facebook မှာ တင်လိုက်တာပဲဖြစ်ပါတယ်။ နာမည်ရ သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ အနုပညာ လောကထဲမှာ ရပ်တည်ခဲ့တာ အချိန်အတော်ကြာ ခဲ့ပြီ ပဲဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးသည့်တိုင်အောင် သူမရဲ့အလှတွေက လျော့ပါးမသွားပဲ အရ င်ကထက် ပိုပိုတိုးလို့သာ လှလို့နေပါတယ်။ အမြဲတမ်း အပြုံးချိုချို လေးနဲ့ဆွဲဆောင်ခဲ့ပြီး ချစ်ဖို့ ကောင်းတဲ့သွားတက်ကလေးနဲ့ ပွင့်နဒီမောင်ကို အားပေးချစ်ခင်တဲ့ ပရိတ်သတ်တွေက လည်း အများအပြားပါပဲ။

နေရယ် လရယ် အမှန်တရားရယ် ဇာတ်ကားမှာပါဝင်တဲ့ သူမရဲ့ဇာတ်ကောင်စရိုက်ကတော့ သူမတစ်ခါမှမလုပ်ဖူးတဲ့ ဆေးသုံးပြီးဘဝပျက်သွားရတဲ့ အမျိုးသမီးနေရာကနေ ပါဝင်သရုပ် ဆောင် ထားတာဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့ပြီး အနုပညာ သက်တမ်း တစ်လျေျာက်လုံးမှာ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင် မှုကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်လည်းဖြစ်ပါတယ်။

သူမရဲ့ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို " ကျမ တစ်ခါမှ သရုပ်မဆောင်ဘူးတဲ့ ဆေးသုံးပီး ဘဝပျက်ခဲ့ရတဲ့ ဘိန်းစားနေရာက ပါဝင် သရုပ်ဆောင်ထားပါတယ်.... နေရယ် လရယ် အမှန်တရားရယ် စီးရီးထွက်လာရင် ဝေဖန်အားပေးကျနော်.... " ဆိုပြီးတင်ထားတာဖြစ်ပါ တယ်။ အနုပညာသမားဖြစ်တာမို့ ဆေးစက်ကျရာအရုပ်ထင်ရတဲ့ သရုပ်ဆောင်ပွင့်နဒီမောင်ရဲ့ သဏ္ဍာန်လုပ်သရုပ်တူရတဲ့ ရိုက်ကွင်းပေါ်က ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - Pwint Nadi Maung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။