မြန်မာနိုင်ငံက ထိပ်တန်း အနုပညာရှင်တွေဟာ ပရိတ်သတ်စိတ်ဝင်စားမှု အများဆုံးခံကြရသူတွေပါ ။ သူတို့ရဲ့ အနုပညာအလုပ်တွေအပြင် ပြင်ပလှုပ်ရှားမှုတွေကိုပါ လိုက်ကြည့်နေတတ်ကြပါတယ် ။ အထူးသဖြင့် ဖက်ရှင်အပိုင်းတွေက ပရိတ်သတ် သတိအထားမိဆုံးအရာတွေပါပဲ ။ ဘယ်ပွဲမှာ ဘယ်ဖက်ရှင်နဲ့ တက်တယ် ။ ဘယ်ဝတ်စုံလေးက ဘယ်မင်းသမီး မင်းသားလေးနဲ့ ဘယ်လို လိုက်ဖက်တယ် ဆိုတာမျိုးက ပရိတ်သတ်တွေ ကြား ရေပန်းစားတဲ့အရာတွေပါ ။ 

အချို ့ဖက်ရှင်တွေကိုဆို ၀တ်ဆင်ပြီးနာမည်ကြီးတဲ့ မင်းသမီး သို့ မင်းသား နာမည်နဲ့ တပ်ပြီး မှတ်တတ်ပါသေးတယ် ။ ( ဥပမာ - မအေးသောင်း ၀တ်ပြတာ အရမ်းလှတဲ့ မြန်မာဝမ်းဆက် ချုပ်ထားတဲ့ ပိတ်စကို မအေးသောင်း ပိတ်စလို့ခေါ်တာမျိုး ၊ မင်းသမီး ဖွေးဖွေး ပွဲတတ်တုန်း စီးလာတဲ့ ဖိနပ်ကို ဖွေးဖွေးဖိနပ် ၊ Beauty Blogger မလေး နေခြည်ဦး လွယ်တဲ့အိတ် ၊ တပ်တဲ့မျက်မှန် စတာတွေကို နာမည်တွေပါ တပ်ပြီး မှတ်တတ်ကြတာမျိုးပါ ။ 

ဒီလို အနုပညာရှင် နာမည်တွင်သွားတဲ့ ဖက်ရှင်တွေလဲ အများကြီး ခေတ်စားခဲ့ဖူးပါတယ် ။ ဒီလို လူစိတ်ဝင်စားမှုများပြားတဲ့ အနုပညာရှင်တွေရဲ့ ဖက်ရှင်တွေထဲ အချို ့ဝတ်စုံတွေကတော့ ပိုထင်ရှားခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံခြားက ဖက်ရှင်ဒီဇိုင်းနာတွေရဲ့ ၀တ်စုံဒီဇိုင်းတွေနဲ့ ဆင်တူနေတယ်လို့ သတင်းတွေ ပျံနှံလာလို့ပါပဲ ။ အဲဒီ ၀တ်စုံတွေက ဘယ်ဝတ်စုံတွေလဲဆိုတာ အောက်မှ စုစည်းဖော်ပြပေးလိုက်ပါတယ် ။ 

သတင်းအရင်းမြစ် facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။