အရှေ ့တောင် အာရှ နိုင်ငံတွေ ထဲမှာ kpop အားပေးသူ ပရိတ်သတ်အများဆုံးရှိတဲ့နိုင်ငံထဲ မြန်မာနိုင်ငံလဲ တစ်ခုအပါအဝင်ပါ ။ Kpop က မြန်မာနိုင်ငံထဲကို စတင်ဝင်ရောက်လာခဲ့တာ Kdrama တွေကစပါတယ် ။ ကိုရီးယားဇာတ်ကားတွေကို အားပေးရင်း အကတွေနဲ့ မြူးမြူးကြွကြွတင်ဆက်တဲ့ Kpop သီချင်းတွေကိုနှစ်သက်လာရာကနေ ဆိုတဲ့အဆိုတော်တွေကိုပါ အားပေးလာကြတာပဲဖြစ်ပါတယ် ။ 

Kpop Group တွေထဲ အောင်မြင်မှုကြီးမားခဲ့တဲ့ Girl Band တစ်ခုကတော့ 2NE1 ပါ ။ ခုချိန်မှာတော့ အဖွဲ့ ကွဲသွားခဲ့ပြီဖြစ်ပေမယ့် သူတို့ရဲ့ သီချင်းတွေက ခုချိန်ထိကို လူကြိုက်များနေတုန်းပါပဲ ။ အနုပညာလမ်းကို ကိုယ်ဆီလျှောက်လှမ်းနေကြတဲ့ အဖွဲ့သားတွေထဲ CL ကတော့ Solo Artist တစ်ယောက်အနေနဲ့ ကိုရီးယားမှာတင်မက နိုင်ငံခြားက ဂီတရပ်ဝန်းမှာပါ ပွဲဦးထွက်ခဲ့ပြီးပါပြီ ။ နိုင်ငံတွေလှည့်ပြီး ဖျော်ဖြေမှုတွေ လဲ ပြုလုပ်နေသူပါ ။

CL ကတော့မြန်မာနိုင်ငံကို နှစ်ခါရောက်ဖူးတဲ့ ပထမဆုံးသော ကိုရီးယားအနုပညာရှင်ပဲဖြစ်ပါတယ် ။ ပထမအကြိမ်ကတော့ 2NE1 အဖွဲ့နဲ့အတူ Concert လာလုပ်ခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ သူမတစ်ယောက်ထဲ လာရောက်ဖျော်ဖြေပေးခဲ့တာပါ ။ သူမရဲ့ ပရိတ်သတ်တွေလဲ မြန်မာနိုင်ငံမှာအများကြီးရှိနေပါတယ် ။ သူမရဲ့ Instagram လူမှုကွန်ယက်ကို Follow လုပ်ပြီး ၀န်းရံအားပေးတဲ့ မြန်မာပရိတ်သတ်တွေ အများကြီးပါ ။ တစ်ခါမှာတော့ CL က instagram က comment တွေကိုစာပြန်ရင်းနဲ့ I Miss Myanmar လို့ ပြောသွားခဲ့ပါတယ် ။ မြန်မာနိုင်ငံက ပရိတ်သတ်တွေကိုလည်း သူမစိတ်ထဲမှာရှိပုံပါပဲ ။ ပရိတ်သတ်တွေ အတွက်တော့ CL ကို အချစ်ပိုစရာပါပဲနော် ။

သတင်းအရင်းမြစ် CL

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။