အချစ်ရေးအချစ်ရာမှာလဲ သင်မသိသေးတဲ့ ထူးဆန်းအံဖွယ်အချက်တွေ ရှိနေပါသေးတယ်။

(၁) သစ္စာမဲ့သူတွေဟာ IQ နိမ့်သူများ

တကယ်တမ်းတော့ ကိုယ့်ချစ်သူအပေါ် သစ္စာမဲ့သူများဟာ ဉာဏ်ရည်နိမ့်ပါးသူများဖြစ်ပါတယ်လို့ စစ်တမ်းတစ်ရပ်အရသိရပါတယ်။ ငါးစိမ်းမြင် ငါးကင်ပစ်ဖို့ပဲ တွေးတောနေကြပြီး ကိုယ့်ဘဝလက်တွဲဖော် ရွေးချယ်တော့မယ်ဆိုရင် အတိတ်မှ အရိပ်မဲကြီးက ခြောက်လှန့်နေပြီး တစ်သတ်လုံးဒုက္ခရောက်တတ်ပါတယ်။

(၂) ဘယ်ဘက်နားမှာ ပန်းပန်ရင်

အမေရိကန်နိုင်ငံ ဟာဝိုင်အီမှာဆိုရင် မိန်းကလေးတွေ ဘယ်ဘက်နားမှာ ပန်းပန်ထားတယ်ဆိုရင် သူမဟာ Single မဟုတ်ပါဘူးလို့ ပြောတာပါတဲ့ ။ ကဲ . . တကယ်လို့ ဟာဝိုင်အီကို ရောက်ခဲ့ရင်တော့ ဘယ်ဘက်နားမှာ ပန်းပန်ထားတဲ့ အမျိုးသမီးကို မချဉ်းကပ်လေနဲ့။

(၃) Happy New Year နောက်အပတ် တနင်္ဂနွေ

နှစ်တစ်နှစ်ရဲ့ပထမဆုံး တနင်္ဂနွေနေ့ဟာ သမီးရည်းစားစုံတွဲတွေ ချိန်းတွေ့မှုအများဆုံးဖြစ်တဲ့နေပါလို့ Online Dating ဝက်ဘ်ဆိုက်တွေရဲ့အချက်အလက်အရ သိရပြန်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘယ်နေ့ဖြစ်မလဲ ။ Valentines’ Day ဖြစ်မယ်ထင်ပါတယ်။

(၄) ယောက်ျားလေးတွေဟာ အသက်၂ဝမတိုင်ခင် အသည်းကွဲ

ယောက်ျားလေးတွေဟာ ဆယ်ကျော်သက်အရွယ်မှာတင် အသည်းကွဲလေ့ရှိကြတယ်လို့ လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ မိန်းကလေးတစ်ယောက်ကြောင့် အသည်းကွဲဖူးထားတဲ့ ယောက်ျားလေးတစ်ယောက်ဟာ နောက်ရည်းစားတွေ ထည်လဲတွဲနေတတ်ကြပြီး ရည်းစားဆိုတာ အကြောပြေဆေးလောက်ပဲ သဘောထားသွားတတ်ကြပါတယ်။

(၅) မျက်နှာပေးက ခန္ဓာကိုယ်ထက် ပိုဆွဲဆောင်နိုင်

နှစ်လိုဖွယ်မျက်နှာထားဟာ တောင့်တင်းတဲ့ခန္ဓာကိုယ်ပိုင်ရှင်ထက်တောင် ဆန့်ကျင်ဘက်လိင်ကို ပိုမိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်လို့ စစ်တမ်းကောက်ကူမှုတစ်ရပ်အရ သိရပြန်ပါတယ်။ ပြုံးရွှင်နေတဲ့မျက်နှာထားဟာ ဆန့်ကျင်ဘက်လိင်အတွက် ယစ်မူးစေတဲ့ဆေးတစ်ခွက်ပဲဖြစ်ပါတယ်။

(၆) ဒီဇင်ဘာလနှင့်ဇွန်လဟာ ပန်းဦးချွေတဲ့လ

အမေရိကန်နိုင်ငံမှာ သမီးရည်းစားတွေအတွက် ဒီဇင်ဘာလနှင့်ဇွန်လဟာ သာမန်လတွေထက် ပိုပြီးတော့ အပျိုရည်ပျတ်ကြပါတယ်။ ဗဟုသုတအနေနဲ့ မိန်းကလေးအများစုဟာ အသက်၁ရနှစ်အရွယ်မှာတင် အပျိုစင်ဘဝဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။

(၇) ရည်းစားသက်တမ်း ၃လနှင့်၅လကြား

ရည်းစားသက်တမ်း ၃လနှင့်၅လကြားမှာ သမီးရည်းစားတွေ လမ်းအခွဲဆုံးကာလဖြစ်ပါတယ်။ ရည်းစားသက်တမ်း ကြာရှည်လာတာနှင့်အမျှ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိလာကြပြီး ရေရှည်လက်တွဲလာကြပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။