လီဗာပူးလ် ကစားသမား ကော်တင်ညိုကို ဘာစီလိုနာအသင်းက စောင့်ကြည့်နေကြောင်း ဘာစီလိုနာအသင်းရဲ့ သံတမန်အဖြစ်ဆောင်ရွက်နေသော ရော်နယ်ဒင်ညိုမှ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒင်ညိုက " ကော်တင်ညိုကို ဒဏ်ရာသက်သာလာလို့ ပြန်ကစားတဲ့အချိန်မှာ ပုံမှန်ခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကော်တင်ညိုဟာ ဒီရာသီမှာတော့ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမား စာရင်းမှာ ပါ၀င်လာနိုင်အောင် ခြေစွမ်းပြနိုင်ခဲ့ပါတယ်၊ လီဗာပူးလ်အသင်းကလည်း ကော်တင်ညိုကို တည်ပြီး ကစားကွက်ပြင်နေတာဆိုတော့ သူတို့အနေနဲ့လည်း ကော်တင်ညိုကို ထိန်းသိမ်းထားချင်မှာ အမှန်ပဲ။ ဒါပေမယ့် ခြေစွမ်းပြနေတဲ့ ကစားသမားတယောက်ကို အသင်းတိုင်းက စိတ်ဝင်စားကြပါတယ်။ "

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။