ဂျူဗင်တပ်အသင်းဟာ မန်ယူအသင်းရဲ့ နောက်တန်းကစားသမား ဒါမီယန်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီလည်းဖြစ်ပါတယ်။ရာသီကုန်ရင် ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ကစားတော့မှာဖြစ်တယ်လို့ အီတလီသတင်းတွေကဖော်ပြထားတာလည်းဖြစ်ပါတယ်။ဒါပေမယ့် ဂျူဗင်တပ်အသင်းကိုပြောင်းရွှေ့ကစားမယ်ဆိုတဲ့ သဘောတူညီချက်ဟာ နူတ်အားဖြင့်နဲ့သာ သဘောတူညီထားတာဖြစ်ပြီး အတိအကျသဘောတူညီမှုရရှိထားတာတော့ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါမီယန်ဟာ မန်ယူအသင်းရဲ့ နည်းပြ မော်ရင်ဟိုလက်ထက်မှာ ကစားခွင့်ပျောက်ဆုံးနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် သူကစားတဲ့နေရာဖြစ်တဲ့ညာနောက်ခံကစားသမားနေရာမှာ ဗလင်စီယာအကောင်းဆုံးကစားထားနိုင်တာကြောင့် အရန်ခုံမှာသာထိုင်နေရာတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် ဒါမီယန်ဟာ မန်ယူအသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်ထားတာလည်းဖြစ်ပါတယ်။ဒါမီယန်ဟာ မန်ယူအသင်းနဲ့ စာချူပ်သက်တမ်း ၁ နှစ်ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။

ဒါမီယန်ဟာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတာကြောင့် လက်ရွေးစင်အသင်းကိုပါ ထိခိုက်လာမယ့်အရေးကို စိုးရိမ်နေတာလည်းဖြစ်ပါတယ်။ဒါမီယန်ကို ချိတ်ဆက်နေတဲ့ အသင်းတွေထဲမှာ နာပိုလီ၊ ရိုးမား၊ အာဆင်နယ်အသင်းတို့ ပါဝင်နေတာလည်းဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းဟာ သူတို့အသင်းရဲ့ ညာနောက်ခံကစားသမား လစ်ချ်စတိုင်နာ စာချူပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဒါမီယန်ကို ခေါ်ယူဖို့ အလိုရှိနေတာဖြစ်ပါတယ်။

source - the sun football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။