၂၀၁၇ ခုနှစ် အတွင်း ကျင်းပမည့် အာဆီယံ ယူ-၁၅ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို မြန်မာ အမျိုးသမီး ယူ-၁၅ အသင်း ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ရာ မြန်မာ ယူ-၁၅ အသင်းသည် အုပ်စုတွင်း၌ ဒေသတွင်း အဓိက ပြိုင်ဘက်များ ဖြစ်သည့် ဗီယက်နမ်၊ ထိုင်းတို့နှင့် အုပ်စုကျပ်အတွင်း ကျရောက် လျှက် ရှိသည်။

အဆိုပါ ပြိုင်ပွဲကို လာမည့် ၂၀၁၇ မေလတွင် လာအိုနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည် ဖြစ်သည်။ အာဆီယံ ယူ-၁၅ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ၏ အုပ်စု(က)တွင် အိမ်ရှင်လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား အသင်းတို့ ပါ၀င်နေပြီး အုပ်စု(ခ)တွင် ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တီမော အသင်းတို့ ပါ၀င် နေသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။