လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်း ဂရိ နက္ခတ္တ ဗေဒ ပညာရှင်တွေဟာ နေရဲ့ လမ်းကြောင်းတွေ ၊ လရဲ့လှည့်ပတ်ပုံတွေနဲ့ ကြယ်တွေရဲ့ ဖြစ်စဉ်တွေကို လေ့လာခဲ့ကြပါတယ်။ ဒီလိုလေ့လာတွက်ချက် တဲ့အခါမှာ အသုံးပြုခဲ့ကြတဲ့ ကွန်ပျူတာလို့ ယူဆရတဲ့ ယန္တရားတစ်ခုကိ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ 

ထိုပစ္စည်း အပိုင်းအစကို ရေအောက်ထဲက သဘောၤပျက်တစ်စီးထဲမှာ ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ထိုကွန်ပျူတာ အစိတ်ပိုင်းအားလေ့လာကြည့်ရာ စက်သွားများကို ကြေးသတ္ထုဖြင့် ပြုလုပ်ထားပြီး နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိပီဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။  

စက်အစိတ်အပိုင်းကို ထပ်မံ စစ်ဆေးကြည့်ရှုကြရာ အမည်မသိစားလုံးပေါင်း ၃၅၀၀ကို ရေးသားထွင်းထုထားတာကိုတွေ့ရပါတယ်။ ဒီလို ထူးဆန်းတဲ့ အစိတ်အပိုင်းအလေးကို ယနေ့အချိန်အထိ သိပ္ပံပညာရှင်များက မဖြေရှင်းနိုင်ကြသေးပါဘူး။ ထူးဆန်းတဲ့ ဒီပ္စည်းလေးကို ဂရိနိုင်ငံ အေသင်မြို့ က ရှေးဟောင်းသုတေသနပြတိုက်မှာ လူအများဗဟုသုတ ရစေရန်အတွက်ပြသပေးထားပါတယ်။  

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။