တစ်ခုလောက် ကျွန်တော် ပြောချင်လို့ပါ... ပြောမယ် ပြောမယ် နဲ့ မေ့ မေ့ နေတာ မပြောဖြစ်ပါဘူး... အောက် က မည်သူ မည်ဝါ ဆိုတာတော့ ကျွန်တော် မပြောတော့ပါဘူး.. အဓိက ပြောချင်တာ.. ဒီလို ကိစ္စမျိုး လုံးဝ မဖြစ်စေချင်ပါဘူး.. အမှန်အတိုင်းပြောရရင် အတော် စိတ်ဆိုုးပါတယ်... ကျွန်တော့်ကို အပြင်မှာ အဲ့ လိုလုပ်ပြီး လာပြတာ နှစ်ယောက်လောက် ရှိပါပြီ... လုံးဝ အဆင်မပြေပါဘူး... ရောဂါပိုး ဝင်ဖို့ အင်မတန် ရာခိုင်နှုန်းများပြီး အန္တရယ် များပါတယ်..

ကျွန်တော့်ကို သဘောကျတာ လက်ခံပါတယ်.. ကျေးဇူးလဲ အထူးတင်ပါတယ်... တက်တူးထိုးတာတောင် အတော် လွန်လှပြီလို့မြင်ပါတယ်... ဒါမျိုးကို အထူးတားမြစ်ပါတယ်.. ကျွန်တော့ သီချင်းတွေ ကြိုက်ရင် အခွေ ဝယ် သီချင်းနားထောင်ပါ... ကျွန်တော် ရောင်း တဲ့ အနုပညာကို ခင်ဗျားတိ ု့ အားပေးတဲ့ အတွက် အဲ့ ဒါ ကျွန်တော် အတွက် ဝမ်းသာစရာ အကောင်းဆုံးပါပဲ.. ဒီလောက်ဆို လုံလောက်သွားပါပြီ..

ခင်ဗျားတို့ ဝယ်ယူ အားပေးတဲ့ အတွက် ကျွန်တော်ဘက် က သီချင်းတွေ ပိုလုပ်နိုင်မှာပါ.. ဒီေ လာက် ပဲ ကောင်းပါတယ်.. အခုလို လုပ်တာမြင်ရရင်တော့ ကျွန်တော် စိတ်မကောင်း ဖြစ်ပါတယ်.. အဲ့တော့သီချင်း လုပ်ဖို့ mood မကောင်းတော့ပါဘူး.. ကျွတော် ပြင်ပြင်း ထန်ထန် မပြောရင် ဆက်လုပ်နေမှာ စိုးရိမ်ပါတယ်... အဲ့ တော့ ပြောပါတယ် မကြိုက်ပါဘူး... လုံးဝပါ.. ဘာ အထောက် အကူမှ မဖြစ်ပါ.. သီချင်းကို နှလုံးသားဖြင့်သာ ခံစားနားဆင်ပါ!! ကျေးဇူး အထူးတင်ပါတယ်..

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။