ထိုင်းနိုင်ငံ အလယ်ပိုင်း ဆရပူရီခရိုင် ဆရပူရီမြို့ မယ့်ထမ့်ခေါင်ကျောက်ကျောင်းတိုက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်စောစောက တရားရွတ်ဖတ်သရဇ္ဈာယ်ကြစဉ် စပါးကြီးမြွေတကောင် ရောက်လာပြီး တရားနာသွားခဲ့ပါတယ်။

အဲဒီမနက်က ကျောင်းဝင်းထဲမှာ သံဃာတော်တွေ ထိုင်ပြီး ပရိတ်တရားရွတ်ဖတ်သရဇ္ဈာယ်ကြစဉ် အရှည် ၃ မီတာလောက်ရှည်တဲ့ စပါးကြီးမြွေတကောင် ရောက်လာပြီး ငြိမ်သက်စွာလဲလျောင်းနေလို့ ဖရဆ မွတ်ဝီရချွန်း အမည်ရ သံဃာတော်တပါးက ဓာတ်ပုံရိုက်ယူပြီး “ဒီမနက်မှာ လောကရဲ့ ဘက်ေ တာ်သား တကောင်အလည်လာသွားတယ်၊ မေတ္တာသုတ်ဟာ တကယ်ဘဲအရေးကြီးလှတယ်” ဆိုတဲ့ စကားလုံးနဲ့အတူ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာပေါ်တင်လိုက်ရာမှာ ဒီရက်ပိုင်းအတွင်း ရေပန်းစားတဲ့ သတင်းတပုဒ် ဖြစ်နေတာပါ။

ထိုင်းနိုင်ငံ အီဆန်ဒေသမှာ နားခီးလို့ခေါ်တဲ့ နဂါးမင်းသမီး အခုထိရှိကြောင်း ဒေသခံရွာသားတွေ သက်ဝင်ယုံကြည်ကြပြီး အဲဒီမြွေဟာ နားခီးက လူ့လောကထဲ ပြန်ဝင်လာချင်လို့ ကိုယ်ထင်ပြတာလို့ လည်း ကွန်မင့်တွေပေးနေကြပါတယ်။

Source : DVB TV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။