၀ါရင့်သရုပ်ဆောင် အနုပညာရှင်များဖြစ်သည့် ရဲအောင်၊ ခန့်စည်သူ၊ ရာဇာနေဝင်း၊ ဗေလုဝ၊ အောင်မင်းခန့်၊ မို့မို့မြင့်အောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်၊ ၀ါ၀ါအောင် တို့ပါဝင်ပြီး ထူးထူးခြားခြား မယ်အောင်ဒင်အမည်ရ ဇာတ်ဝင်တေးသီချင်းပါဝင်တဲ့ ကိုကြီးကွီးတို့ရဲ့မာယာ ရုပ်ရှင်ဇာတ်ကားကြီးကို မကြာမီရုံတင်ပြသသွားမယ်လို့သိရပါတယ်။

၀ါရင့်သရုပ်ဆောင်များ၏ ပီပြင်သော ဟာသဇာတ်ကွက်များ နှင့် ကိုကြီးကွီးတို့၏မာယာ ရုပ်ရှင်ဇာတ်ကားကြီးကို နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ဖြန့်ချီပြီး၊ ဒါရိုက်တာ ရာဇဝင်ကို ရိုက်ကူးထားတယ်လို့သိရပါတယ်။

ကိုကြီးကွီးတို့၏မာယာ ဇာတ်ကားကြီးတွင် ပါဝင်သည့် ဇာတ်ဝင်တေးသီချင်းတစ်ပုဒ်ဖြစ်သည့် မယ်အောင်ဒင် တေးသီချင်းကြောင့်လည်း ပရိသတ်ကြီး ရယ်မောပျော်ရွှင်ဖွယ် ရသများကိုခံစားရမည်ဖြစ်ပြီး၊ ဇာတ်လမ်းအမျိုးအစားအနေဖြင့် မိမိ၏ခင်ပွန်းသည်ကို ဆက်ဆက်ထိမခံချစ်ကြသည့် အိမ်ထောင်ရှင်အမျိုးသမီးများ၏ ခံစားချက်များကိုအခြေခံ ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။