ပြောရဦးမယ်u (myth) ရှေးကတွေးတွေ....

မိန်ကလေးတွေ အပျိုမစစ်ရင် တင်ပါးကေပျော့တွဲပြီး အပျိုစစ်မှ တင်ပါးလေးက တင်နေတ ဆိုတာတွေ ကြားဖူးကြမှာပေါ့နော်... အဲဒီစကားသာ မှန်တယ်ဆိုရင် သန္တာလိူင်ကတော့ ၁၆နှစ် အပျို ဖြစ်စ တုန်းက အပျို မစစ်ပဲနဲ့ ကလေး၂ယောက်မွေးပြီး ၄ဝလေက်ကျတော့ အသက်ကြီးလေ အပျိုစစ်လေ ဖြစ်နေတော့မှပေါ့နော်...

အမငယ်ငယ်က aerobic ဆိုတဲ့ လေ့ကျင့်ခန်းလောက်ပဲ သိတာဆိုတော့ ဒါလောက်ပဲ လုပ်ဖြစ်တယ် လှူပ်လှူပ်ရှားရှားနေတယ်... သိပ် မသန်ဘူး... အပေါ်ပိုင်း မသန်ပဲနဲ့ ၁ရ နှစ်ကျမှ သူများ ကင်းမှီးကောက် ထောင်သလို လိုက်ထောင်လိုက်တာ ခါးကျိုးလို့ ၂ လလောက် အိပ်ယာထဲမှာ လှဲပြီး bed rest ယူလိုက်ရတယ်။ မထရ မထိုင်ရ အီးရော သေးရော အ်ပ်ရာထဲမှာတင် ပါလို့ ဘယ်ညာတောင် မစောင်းပဲ နေလိုက်ရတာ ပထမဆုံး ပြန်ထတော့ လမ်းတောင် ပြန်လျှောက်ဖို့ မနဲ ကျင့်ယူရတယ်.. အာ့ကြောင့် ရုပ်ရှင်တွေထဲမှာ နစ်ရှည်လများ coma ဝင်နေတဲ့ ဇတ်ကောင်က ပြန်နိုးတာနဲ့ ချက်ချင်း ထပြီး လမ်းလျှောက်ရင် ရုပ်တိမရှိလို့ ဆက်တောင် မကြည့်နိုင်လောက်အောင် ပေါ့ပျက်ပျက် ဖြစ်သွားတယ်...

ပြောချင်တာက ဘယ်က ကြွက်သားမဆို လေ့ကျင့်ပေးရင် လေ့ကျင့်သလောက် သန်စွမ်းထားကျိုင်းသလို... ခြေထောက်က muscle တွေဟာလဲ မသုံးပဲ နေရင် ၂လလောက်ဆိုရင် မတ်တတ်တောင် မထနိုင်လောက်အာင် အားပျော့ သွားတတ်ပါတယ်လို့...

တင်ကကြွက်သားကို ငယ်ငယ်က တင်းတင်း ရင်းရင်းလေး ဖြစ်နေအာင် ဘယ်လို လေ့ကျင့်ရမယ်ဆိုတာ မသိခဲ့ဘူး... အဲ့ဒီတော့ ကျောင်းစိမ်း ထဘီဝတ်ရင် ပတ်လည်ထောက်တွေက များပြီး အပေါ်မှာ စုပြီး လုံးနေတော့ တင်ပါးက အောက်မှာ သပ်သပ် ကိုယ်နဲ့ မလိုက်အောင် ဖြစ်နေတတ်တယ် စိတ်ကသိကအောင့် ဖြစ်ရပါတယ်... ထောက်ကို ဘယ်လိုပြင်ရင် ရတယ်ဆိုတာလဲ မသိခဲ့တော့ ဝတ်ရတာ အဆင်မပြေတာပဲ သိတယ်။ မှတ်မိသလောက် ပြောရရင် ကျောင်းတက်ရတာ မပျော်ခဲ့ပါဘူး.. ကျောင်းပြီးမှ ကိုယ်လိုချင်တဲ့ အိပ်မက်တွေ အကောင်အထည် ဖော်ရတဲ့ ဘဝကို ပိုပျော်တယ်..

အခုတော့ ကလေးမွေပြီးကတည်းက Australia မှာ midwife လို့ခေါ်တဲ့ မြန်မာလို ပြောရရင်တော့ လက်သည်ပေါ့နော် တတ်ကျွမ်းတဲ့ nurse တွေကစပြီး မိခင် အသစ်စက်စက်တွေကို ပညာပေး သင်ပေးတာကနေ စပြီး ကိုယ်ခနနာသန်စွမ်းဖို့ ကျန်းမာဖို့နဲ့ ပတ်သက်တဲ့ လေ့ကျင်ခန်းတွေ အများကြီး လေ့လာ ကျင့်သုံးရင်းနဲ့ ဖတ်ရင်း အသုံးချရင်းနဲ့ Balance Fitness နဲ့ စပြီး အလုပ်လဲ လုပ်ရော... တတ်ကျွမ်းတဲ့ trainer တွေနဲ့ အသေအချာလဲ လုပ်ရော....

အခုဆိုရင် ကျွန်မ ၁၉ နှစ်တုန်းက ရှိတဲ့ body ထက် အခုလက်ရှိ ၃၉ နှစ်မှာ ရှိနေတဲ့ ကျွန်မရဲ့ body ကိုပိုပြီး အားရကျေနပ်ပါတယ်... ကျွန်မ ၁၉နစ်တုန်းက ၁၉၉၆-၉၇ နှစ်ကူပိုင်းလောက်က ငပလီ ကမ်းခြေမှာ ရိုက်ထားတဲ့ ပုံလေးတွေလို့ တင်ပေးထားပါတယ်... အဲ့လို ယှဉ်ကြည့်ဖို့ ရည်ရွယ်ပဲနဲ့ ဒီနှစ်ကုန် အလုပ်အတွက် Aurem Palace Ngwe Saung အတွက် ငွေဆောင်ကမ်းခြေမှာ ရိုက်ထားတဲ့ ပုံတွေထွက်လာတော့ အဲ့ဒီပုံလေးကို သွားသတိရလို့ ရှာဖွေပြီး တင်ပေးထားပါတယ်...

အဲ့ဒီဆိုရိုးစကား မှန်မမှန် စာဖတ်သူတွေ ဆုံးဖြတ်လိူ့ ရတာပေါ့်နော်.... ဒါကြောင့် လူတိုင်းလဲ လုပ်နိုင်အောင် လေ့ကျင့်ခန်းတွေ သင်ပြပေးတဲ့ video တွေ ရိုက်နေပါပြီ... မကြာမည် YouTube မှာ တင်ေ့မယ့် လေ့ကျင့်ခန်ယ video တွေကို ဒီpage ပေါ်ကနေ တင်ပေးပါမည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။