ထိုင်းနိုင်ငံ ရနောင်းမှ ချွန်ဖုံသို့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးတင်ဆောင်သွားတဲ့ ကားတစီးဟာ ဓာတ်တိုင်နဲ့ မတော်တဆတိုက်မိပြီး မြန်မာအလုပ်သမား ၄ ဦးသေဆုံးကာ ၁၄ ဦးဆေးကုသမှုခံယူနေရပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက်အာရုဏ်မတက်မီ ၃နာရီအချိန်လောက်က ချွန်ဖုံပါနန်အရောက်မှာ ဓာတ်တိုင်နဲ့ အရှိန်ပြင်းစွာဝင်တိုက်မိရာ ကားသုံးပိုင်းပြတ်ပြီး ထိုင်းယာဉ်မောင်းနဲ့အတူ မြန်မာ အလုပ်သမား ၄ ယောက် အခင်းဖြစ်နေရာမှာ ပွဲချင်းပြီး သေဆုံးသွားပါတယ်။

ကျန် အလုပ်သမား၁၄ ယောက်ကတော့ ချွန်ဖုံဆေးရုံမှာ အရေးပေါ်လူနာအဖြစ် တက်ရောက်ကုသနေတယ်လို့ သိရပါတယ်။

သတင်း – Pa Loat

ဓာတ်ပုံ – ashiatiger

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။