ပျောက်ဆုံးသူ ထိုင်းနိုင်ငံသူအား ပြန်လည်တွေ့ရှိ

ပန်းဘဲတန်းမြို့နယ်၊ ဂလိုဘယ်ဟိုတယ်၌ တည်းခိုနေထိုင်လျက်ရှိသော

ထိုင်းနိုင်ငံသူ Mrs.YUWATEE SAELU(၅၀)နှစ်၏မိခင်ဖြစ်သူ Mrs.WIPA

(၈၀)နှစ်သည် ၂၇.၁၂.၂၀၁၆ ရက်နေ့ ၀၅၁၅ အချိန်ခန့်တွင် ဟိုတယ်မှအပြင်

သို့ထွက်သွားရာမှ ပြန်မလာပျောက်ဆုံးနေကြောင်း ပန်းဘဲတန်းမြို့မရဲစခန်း

သို့ အကြောင်းကြားလာသဖြင့် လူပျောက်အမှတ်စဉ်(၂၃/၂၀၁၆)ဖြင့် ရေးဖွင့်

ကာ စုံစမ်းဆောင်ရွက်ခဲ့ပြီး ပြည်သူများထံသို့လည်း ပျောက်ဆုံးသူအား

တွေ့ရှိပါက သတင်းပေးကူညီနိုင်ပါရန် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်

အသိပေးဖော်ပြခဲ့ပါသည်။

ပျောက်ဆုံးသူအား ပြန်လည်တွေ့ရှိရေးအတွက် ရဲတပ်ဖွဲ့မှစုံစမ်း

ဆောင်ရွက်ခဲ့ရာ ၁၆၃၀ အချိန်တွင် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး

ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပန်းဘဲတန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ

က အမှုမှပျောက်ဆုံးနေသော ထိုင်းနိုင်သူ Mrs. WIPA အား ၎င်းနှင့်အတူ

ပါရှိသွားသော လက်ဝတ်ရတနာများနှင့်အတူ ဗိုလ်တထောင်မြို့နယ်၊

ဗိုလ်တထောင်ဘုရားရင်ပြင်ပေါ်၌ ပြန်လည်တွေ့ရှိခဲ့ပါသည်။

ယင်းသို့ပြန်လည်တွေ့ရှိခဲ့သဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေး

ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပန်းဘဲတန်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်

များက ၁၇၂၀ အချိန်တွင် ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းရှိ

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့စုမှူးရုံး(ရန်ကုန်)၌ Mrs.WIPA

အား ပျောက်ဆုံးစဉ်ကပါရှိသွားသော လက်ဝတ်ရတနာများနှင့်အတူ

သမီးဖြစ်သူ Mrs. YUWATEE SAELU ထံသို့ ကောင်းမွန်စွာပြန်လည်

လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။