Ezo Momonga

ဒီအကောင်လေးကတော့ ပျံနိုင်တဲ့ ရှဉ့်အမျိုးအစားထဲက ဖြစ်ပါတယ်။ အခြားရှဉ့်တွေနဲ့ မတူပဲ မျက်လုံးခပ်ဝိုင်းဝိုင်း ရှိကာ အမွှေးလေးတွေ ဖြူဖွေးကာ သေးငယ်လှတဲ့ ခြေချောင်း လက်ချောင်းလေးတွေနဲ့ ချစ်စရာ အလွန်ကောင်းလှပါတယ်။ 

Shima-Enaga

နှံပြည်စုတ်မျိုးစိတ်ထဲမှာ ပါဝင်ပြီး ထူးခြားတာကတော့ တစ်ကိုယ်လုံး အမွှေးအမျှင်တွေ ဖြူဖွေးနေတာပဲ ဖြစ်ပါတယ်။ မျက်လုံးအညိုရောင်၇ှိပြီး အမြီးရှည်နှံပြည်စုတ်ကလေးပဲ ဖြစ်ပါတယ်။ 

Hokkaido red squirrel

ဒီရှဉ့်လေးကတော့ အာရှနဲ့ ဥရောပနိုင်ငံအနှံ့အပြားမှာ တွေ့နိုင်ပြီး Eurasian red squirrel မျိုးစိတ်ထဲမှာ ပါဝင်ပါတယ်။ မျိုးစိတ်သာ တူပေမယ့် လည်း ယခုပုံမှာ မြင်တွေ့နေရတဲ့ ရှဉ့်ကိုတော့ ဂျပန်နိုင်ငံ တစ်နိုင်ငံထဲမှာပဲ တွေ့မြင်နိုင်တာပဲ ဖြစ်ပါတယ်။ 

Lizuna

နှင်းတောထဲမှာ ကျင်လည် ကျက်စားတဲ့ ဒီမြွေပါလေးကတော့ ဆွတ်ဆွတ်ဖြူနေတဲ့ အမွှေးလေးတွေနဲ့ ချစ်စရာကောင်း လွန်းလှပါတယ်။ အရွယ်အစားကတော့ သေးငယ်လှပြီး နှင်းတောထဲမှာ ရန်သူတွေမမြင်နိုင်အောင်လည်း ကိုယ်ဖျောက်နိုင်ကြပါတယ်။  

Source : Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။