သမီးရည်စား ဘဝမှာ အတူနေထိုင်ပြီး လက်မထပ်တဲ့ အမျိုးသားတွေကို ထောင်ဒဏ်ငါးနှှစ် အထက် အရေးယူနိုင်တဲ့ အထူးဥပဒေရေးဆွဲပြဌာန်းသွားမယ်လို့ သိရပါတယ်။ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ကာကွယ်ရေး အထူးဥပဒေကို လာမယ့်လွှတ်တော် အစည်းအဝေးမှာ အတည်ပြု ပြဌာန်းနိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါပြီး ဒီဥပဒေကို အတည််ပြု ပြဌာန်းပြီးရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဒေသ အောက်ခြေကျေးရွာတွေထိ အမျိုးသား အမျိုးသမီးတွေကို အသိပညာပေးဖို့ ဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

အမျိုးသားစုတော်တော်များများက ဒီဥပဒေ ကန့်ကွက်ကြပြီး တဖက်စောင်း နင်း တယ်လို့ ဆိုကြပါတယ်။ အတူတူ နေပြီး ကိုယ်ဝန်ပါရှိလို့ လက်မထပ် ခဲ့ဘူးဆိုရင် ထောင်ဒဏ် ရှစ်နှစ် အနည်း ဆုံး အရေးယူနိုင်တာ လည်းပါတယ်လို့ဆိုပါတယ်။ မိန်းကလေူနောက် က တကောက်ကောက်လိုက်ပြီး ရည်းစား စကားပြောတာလည်း ပြစ်မှုမြောက်တယ်လို့ပြောသွားပါတယ်။ ကိုကိုတို့ သတိထားကြတော့.....

Source : 7daysnews

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။