မြိတ်မြို့၊ J&J Garden ဟိုတယ်တွင် ရဲဒင်းဖြင့် ခုတ်မှုဖြစ်ပွား

(၂၇-၁၂-၂၀၁၆)ရက်နေ့(၀၉၀၀)အချိန် မြိတ်မြို့မ ရဲစခန်းမှ ရဲအုပ် ဝင်းမြင့်ထွန်းနှင့်အဖွဲ့သည် မြိတ်ပြည်သူ့ ဆေးရုံကြီး၌ ရဲဒင်း(ကပ်ပါး)ဖြင့် ခုတ်ခံရ၍ လူနာတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ ရဲဒင်း(ကပ်ပါး)ဖြင့် ခုတ်ခံရသူမှာ မျိုးမြင့်ဇော်(၂၉)နှစ် (ဘ)ဦးဝင်းတင့်၊ မပတ(မမှတ်မိ)၊ ဗမာ/ဗုဒ္ဓ၊ စျေးရောင်း၊ ဘီလမ်း၊ ထားဝယ်စုရပ်ကွက်၊ မြိတ်မြို့နေသူဖြစ်ကြောင်း သိရှိရပြီး ၄င်း၏မိခင်ဖြစ်သူ ဒေါ်စီစီဝင်း(၅၂)နှစ် ၊ (ဘ) ဦးထွန်းဦး၊ ဗမာ/ဗုဒ္ဓ၊ ၆/မအရ(နိုင်)၀၂၇၃၀၈၊ စျေးရောင်း၊ ဘီလမ်း၊ ထားဝယ်စုရပ်၊ မြိတ်မြို့နေသူအား မေးမြန်းရာ( ၀၂၀၀) အချိန်တွင် နေအိမ်၌ရှိနေစဉ် သားဖြစ်သူ မျိုးမြင့်ဇော်နှင့် ၄င်း၏ သူငယ်ချင်းဖြစ်သူ ဘိုဘိုတို့(၂)ဦး ထမင်းကြော်စားရန်နေအိမ်မှ ထွက် သွားခဲ့ပြီး ထိုနေ့ (၀၆၃၀)အချိန် သားဖြစ်သူ၏ သူငယ်ချင်း ဘိုဘိုနေအိမ်သို့ ပြန်လည်ရောက်ရှိလာရာ သားဖြစ်သူ မျိုးမြင့်ဇော်ပါမလာသဖြင့် မေးမြန်းရာ ဘိုဘိုမှ မျိုးမင်းဇော်မှာ ဦးစောဂျက်၏ တည်းခိုခန်း၌ ရဲဒင်း(ကပ်ပါး) ခုတ်ခဲ့ရ၍ မြိတ်ဆေးရုံကြီးသို့ တင်ပို့ ထားရှိကြောင်း ပြောပြသိရှိရ၍ သွားရောက်ကြည့်ရှုရာ သားဖြစ်သူတွင် ယာဘက်မျက်လုံး၊ မျက်ခုံးတွင် ပြတ်ရှ ဒဏ်ရာတစ်ချက်၊ ဦးခေါင်းနောက်စေ့ဝဲ ဘက်ခြမ်းပြတ်ရှ ဒဏ်ရာတစ်ချက်(စိုးရိမ်ရ)တို့ရရှိထားသည်ကို တွေ့ရှိ ခဲ့ကြောင်းသိရှိရပါသည်။

ဖြစ်စဉ်အား မေးမြန်းစုံစမ်းရာ သားဖြစ်သူ မျိုးမြင့်ဇော် အား ရဲဒင်း(ကပ်ပါး)ဖြင့် ခုတ်သူမှာ စိုင်းစိုင်း (ခ)မျိုးမျိုး(၂၃)နှစ်(ဘ)ဦးခင်မောင်ဆွေ၊ ဗမာ/ဗုဒ္ဓ၊ ၁၂/လကန(နိုင်) ၂၃၉၁၉၆၊ဟိုတယ်ဝန်ထမ်းလုပ်၊ ကလီထော်ကျေးရွာ၊ လှည့်ကူးမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနေသူဖြစ်ကြောင်း ပြောပြသိရှိရသဖြင့် သားဖြစ်သူအား ရဲဒင်း(ကပ်ပါး)ဖြင့်ခုတ်၍ ဒဏ်ရာများ ရရှိအောင်ပြုလုပ်သူ စိုင်းစိုင်း (ခ)မျိုးမျိုးအား ဥပဒေအရ အရေးယူပေးပါရန် ဒေါ်စီစီဝင်းမှ တရားလို ပြုလုပ် တိုင်းသောကြောင့်(၁၀၀၅) အချိန်တွင် မြိတ်မြို့မ ရဲစခန်း (ပ)၂၄၅၄/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့် ဆောင်ရွက်ပြီး အမှုအား ရဲအုပ် ဝင်းမြင့်ထွန်းမှ အမှုစစ်အဖြစ်စစ်ဆေးဆောင်ရွက် ရှိပါသည်။

အမှုမှ တရားခံ စိုင်းစိုင်း(ခ)မျိုးမျိုးအား ဖမ်းဆီး ရမိရေး ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ ကြီးကြပ် မှုဖြင့် ခရိုင်မှုခင်းအကူအဖွဲ့၊ နယ်မြေ/နယ်ထိန်း တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ လိုက်လံစုံစမ်း ရှာဖွေဖမ်းဆီးလျက်ရှိပါကြောင်းသိရှိရသည်

Credit - မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။