မုံးကိုးမြို့က သင်းထောက်ဆရာနှစ်ဦးပျောက်ဆုံး

သတင်းဌာနများကို ကူညီခဲ့တဲ့ မုံးကိုးမြို့က သင်းထောက်ဆရာနှစ်ဦး သုံးရက်ကြာတဲ့အထိ အဆက်သွယ်မရ၊ ပျောက်ဆုံးနေ တယ်လို ့ဒေသခံတွေကဆီကနေသိရပါတယ်။

ပျောက်ဆုံးနေတဲ့ သင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ ့သင်းထောက်ဆရာ ဦးလန်ဂျော်ဂမ်ဆိုင်းတို့ဟာ တူအရီးတွေ ဖြစ်ပြီး ဒီဇင်ဘာလ၂၄ရက်နေ ့ညပိုင်းမှစပြီး အဆက်အသွယ်မရတော့တာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။

” စနေ ့နေညက စပြီး မတွေ ့ဖြစ်တာပါ။နောက်နေ ့ တနင်္ဂနွေနေ ့ ဘုရားကျောင်းတက်တော့လည်း သူ ့ကို မတွေ ့ရတော့ဘူး။ အဲဒါနဲ ့ ကျွန်တော်တို ့ အချင်းချင်း လိုက်မေးကြတယ်။သူဖုန်းကို ဆက်တော့လည်း သူ ့အသိအိမ်မှာ ကျန်ခဲ့တယ်။ နောက်ပြီး သူတို ့ကို နောက်ဆုံးမြင်လိုက်ကြတာက ဗျူဟာ ကုန်းနားမှာ လို ့ကျွန်တော်တို ့သတင်းရတယ်။ အခုထိ ကျွန်တော်တို ့ အဆက်သွယ်မရသေးဘူး” လို ့မုံးကိုးဒေသခံ ဦးဘောက်နော်က ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ သင်းထောက်ဆရာတွေဟာ မုံးကိုးဒေသသွားရောက်ခဲ့ကြတဲ့ DVBသတင်းဌာန၊ ဧရာဝတီသတင်းဌာနဲ ့ ကုမုဒြာဂျာနယ်က သတင်းထောက်တွေကို ကူညီဆောင်ရွက် ပေးခဲ့ကြသူ တွေဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ သတင်းထောက်များကိုမုံးကိုး မြို့ အနှံလိုက်လံပြသခဲ့ပြီး တိုက်ပွဲများဖြစ်ပွားချိန်က အခြေအနေတွေကိုရှင်းလင်းပြောဆိုခဲ့သူတွေဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဘာသာရေးခေါင်းဆောင် နှစ်ဦးဟာ တပ်မတော် ဗျူဟာကုန်းအနီးမှာ ပျောက်ဆုံးသွားတာကြောင့် တပ်မတော်က ဖမ်းဆီးသွားတာလားလို ့ သံသယဖြစ်နေပေမယ့် တိကျတဲ့ သတင်းအချက်အလတ်ရရှိဖို ့ဘာသာရေးခေါင်းဆောင်တွေနဲ ့ဒေသခံတွေက စုံစမ်းနေတယ်လို ့ ဦးဘောက်နော်က ပြောပါတယ်။

သူတို ့နှစ်ယောက် ဗျူဟာ ကုန်းထဲမှာ ရောက်နေတာလားဆိုတာ စုံစမ်းနေတုန်းပဲရှိတယ်။ဗျူဟာက ကျွန်တော်တို ့ဝင်လို ့မရတဲ့ နေရာဖြစ်တယ်။ သွားတယ် လာတယ်ဆိုရင်တောင် အဆင်မပြေပါဘူး။ မေးဖို ့ မြန်းဖို ့ခက်ခဲပါတယ်။ ဒီနေ ့အထိမထူးရင် အုပ်ချုပ်ရေးမှူးဆီ အကြောင်းကြားဖို ့တော့ လုပ်နေပါတယ်” လို ့ဦးဘောက်နော်က ပြောပါတယ်။

လောလောဆယ်မှာတော့ ဘာသာရေးခေါင်းဆောင်တွေနဲ ့ဒေသခံတွေက သင်းထောက်ဆရာ နှစ်ဦးပျောက်ဆုံး နေတာနဲ ့ပတ်သက်ပြီး မုံးကိုးမြို ့နယ် အုပ်ချုပ်ရေးမှူးဆီကို တိုင်ကြားတာတွေ မပြုလုပ်ရသေးဘူးလို ့ သိရပါတယ်။

”သင်းထောက်ဆရာပျောက်တယ်ဆိုတာကိုတော့ ကျွန်တော်မသိသေးပါဘူး။အခုထိ အကြောင်းကြားတာ လည်း မရရှိသေးပါဘူး။ ” လို ့မုံးကိုးမြို ့နယ် အုပ်ချုပ်ရေးမှူး ဦးငွေဌေးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစု(KIA၊ PSLF/TNLA၊ MNDAA၊ AA) တို ့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် မုံးကိုးဒေသဟာ အပြင်းထန်ဆုံးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒေသခံတွေဟာလည်း တိုက်ပွဲတွေကြောင့် တရုတ်ပြည်ဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီဇင်ဘာလ ၁၉ ရက်နေ ့မှသာ မုံးကိုးဒေသကိုပြန်လည်နေထိုင်ကြရတာဖြစ်ပါတယ်။

မုံးကိုးဒေသမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားချိန်ကလည်း ဒေသခံရွာသား ၁ဝဝနီးပါး ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီးနဲ ့ကလေးငယ်အချို ့သာ ပြန်လည် လွတ်မြောက်လာတယ်လို ့ဒေသခံတွေက ပြောဆိုကြပါတယ်။ ကျန်ရှိနေတဲ့ ဒေသခံရွာသားတွေကိုတော့ သည်ကနေ ့အထိ အဆက်အသွယ်မရကြသေးဘူးလို ့သိရပါတယ်။

လောလောဆယ်မှာတော့ မုံးကိုးဒေသကို တပ်မတော်က ထိန်းချုပ်ထားပြီး ကက်သလစ်ဘုရား ကျောင်းနဲ ့မုံးကိုးအခြေခံပညာအထက်တန်းကျောင်းတွေမှာ လုံခြုံရေးယူထားပါတယ်။

Source: Kumudra

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။