လက်ရှိမြန်မာနိုင်ငံရဲ့ သူရဲကောင်းစာရင်းဝင်တစ်ဦးဖြစ်တဲ့ သံမဏိဦးလင်းဦး ကိုတော့အားလုံးအားပေးချစ်ခင်ကြမယ်ထင်ပါတယ်။ ရဲရင့်သူတစ်ယောက်ဖြစ်ပြီး အောင်ပွဲများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ မနက်ဖြန် ဧပြီလ ၈ ရက်နေ့မှာ ယှဉ်ပြိုင်ထိုးသတ်သွားမယ့် မြန်မာ- ထိုင်း လက်ဝှေ့ပွဲကတော့ ပရိသတ်တွေအတွက် ပွဲကောင်း များစွာပါဝင်နေကြောင်း သိရပါတယ်။ 

အဆိုပါလက်ဝှေ့ပွဲကို ဧပြီလ ၈ရက်(တနင်္ဂနွေ)နေ့ သံဖြူအားကစားကွင်းမှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ 50 media Lethwei Fight မြန်မာ-ထိုင်းလက်ဝှေ့ပွဲကို တွဲဆိုင်း ၇ ဆိုင်းထိုးသတ်မှာဖြစ်ပြီး အဓိကပွဲကြီးတွေအဖြစ် Ka Yin Lay (မြန်မာ) နှင့် Bandar Sat (ထိုင်း) ၊ Ye Thway Ni (မြန်မာ)နှင့် Wan Fit(ထိုင်း)တို့အပြင် မြန်မာ့သံမဏိ Soe Linn Oo(မြန်မာ)နှင့် Payak Samui (ထိုင်း) တို့ထိုးသတ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ 

မြန်မာ့လက်ဝှေ့ချစ်ပရိသတ်တွေအတွက် ပွဲကောင်းများစွာ ဖြစ်လာမယ့်အဆိုပါ 50 media Lethwei Fight မြန်မာ-ထိုင်းလက်ဝှေ့ပွဲကို ပရိသတ်တွေလည်း အားပေးကြမယ်ထင်ပါတယ် ။မြန်မာကိုယ်စားပြု ရူံးပွဲမရှိဖိုက်တာတစ်ဦးဖြစ်တဲ့ သံမဏိစိုးကြီးကို ပရိသတ်တွေနဲ့ အားပေးဖို့ မျှဝေပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။