နိုင်ငံတကာအဆင့်တန်းမီ ကစားကွင်းတစ်ခုကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါကစားကွင်းကို စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်ကွက်တွင် အများပြည်သူများ စိတ်အပန်းဖြေ အနားယူနိုင်ရန်နှင့် ကလေးသူငယ်များပျောရွှင်ကြည်နှူးမှုရရှိနိုင်စေရန် ရည်ရွယ်၍ ဧပြီ(၇)ရက်၊ နံနက် (၉)နာရီအချိန်က အဆိုပါကစားကွင်းအတွင်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရပါတယ်။ 

ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးစိုးဦးက အဖွင့်အမှာစကားပြောကြားရာ ယနေ့ခေတ်မှာ အားလုံးက ယှဉ်ပြိုင်နေကြတဲ့ခေတ် ဖြစ်တာနဲ့အညီ စိတ် ပန်း၊လူပန်းနဲ့ အလုပ်ကိုကြိုးစားနေကြတဲ့အချိန်မှာ စိတ်ကိုပြန်လည်လန်းဆန်းစေဖို့ အပန်းဖြေစရာ ယခုလို ကစားကွင်းတွေမရှိမဖြစ်လိုအပ်လှပါတယ်။ မြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ မိဘပြည်သူများအနေနဲ့ ကလေးငယ်တွေ ပျော်ရွှင်စရာ နေရာတစ်ခုဖန်တီးပေးရာဖြစ်သလို တစ်ဖက်မှလည်း လူငယ်တွေလမ်းမှား မရောက်အောင် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဒီခေတ်မီကစားကွင်းကြီး ပေါ်လာတာနဲ့အမျှ လူငယ်တွေအလုပ်အကိုင် အခွင့်အလမ်းတွေရရှိလာပြီး မြို့နယ်အတွက် အထောက်အကူဖြစ်မယ့် လူငယ် တွေဖြစ်လာမှာပါ။ ဒါကြောင့် ကစားကွင်းကြီးကိုလည်း ဒီထက်ထပ်မံတိုးချဲ့နိုင်အောင်နှင့်ဒေသရဲ့ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ 

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်တာဝန်ရှိသူများ ၊ ခရိုင်/မြို့နယ်စီမံခန့် ခွဲမှုကော်မတီဥက္ကဌများနှင့်တာဝန်ရှိသူများ ၊ ခေတ်မီကစားကွင်းတည်ထောင်သူ ရွှေကမ္ဘာညွှန့်ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာနှင့်ဇနီးနှင့်တာဝန်ရှိသူများ ၊ မိဘပြည်သူများနှင့်ကလေးငယ်များ ၊ အခြားဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြပါတယ်။ ခေတ်မီကစားကွင်းသစ်ကို ကစားကွင်းဝင်ကြေး ကလေး/လူကြီး တစ်ဦးလျှင်(၁၅၀ဝိ)ကျပ် သက်မှတ်ပြီး ကစားကွင်းအတွင်း ရေလွှာလျောစီးနှင့် ရေကူးကန်တို့အား စိတ်တိုင်းကျအခမဲ့ ဝန်ဆောင်မှုပေးပြီး ကျန်သည့်အပန်းဖြေ ကစားနည်းများကို သင့်တင့်သည့်ဈေးနှုန်းများဖြင့် နေ့စဉ် အပန်းဖြေ အနားယူ ပျော်ရွှင်နိုင်မည်ဖြစ်ကြောင်းသိရပါတယ်။ 

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။