လေးဖြူအပါအဝင် Iron Cross ရဲ့ New Year Free Show ကျင်းပမယ့်နေရာကတော့ ပြည်သူ့ရင်ပြင်မှာပဲဖြစ်ပါတယ်။ ဂြိုဟ်ကိုးလုံး အင်တာ တိန်းမန့်၏ (၁၃)နှစ်ပြည့် အမှတ် တရအဖြစ် The Public Festivalကို ပြည်သူ့ရင်ပြင်၌ နှစ်ရက်တိုင် ပြုလုပ်မည်ဖြစ်ကြောင်း ယင်းဖျော်ဖြေပွဲစီစဉ်သူ ကိုသက်ဖုန်းနိုင်က ပြောကြားခဲ့ပါတယ်။ 

အဆိုပါဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်၌ ဒီဇင်ဘာ ၃၀ ရက်နှင့် ၃၁ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ‘‘၃၀ ရက်မှာ Nine Planets ရဲ့ 13 Anniversary ဖြစ်တဲ့အ တွက် ကျွန်တော့်ရဲ့ Member Band တွေဖြစ်တဲ့ Idoits၊ Wanted၊ Reason၊ BigBag အစ ရှိတဲ့ အမာခံ Band တွေအပြင် Antibiotics အပါအဝင် တခြားမျိုးဆက်သစ် Band တွေလည်း လာဖျော်ဖြေပါမယ်’’ဟု ထပ်မံပြောကြားခဲ့ပါတယ်။ 

ဒီဇင်ဘာ ၃၁ ရက် နေ့လယ် ၁ နာရီကစ၍ ဖျော်ဖြေရေး ပြုလုပ်မည်ဖြစ်ပြီး အိုင်းရင်းခရော့စ်အဖွဲ့ က ည ၉ နာရီကစ၍ နှစ်သစ်ကူးချိန်အထိ ဖျော်ဖြေပေးမည်ဖြစ် သည်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။