လိင်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ခဲ့ပြီးနောက် အမျိုးသမီးတစ်ယောက်လို့ခံယူထားတဲ့ မထက်ကို နောက်ပေါက်မင်းသမီးတစ်ယောက်အနေနဲ့ တွေ့ရရတော့မှာလား။ 

လက်ရှိမှာတော့ လူမှုကွန်ယက်မှာနာမည်ကြီးနေတဲ့ စန္ဒီမြင့်လွင်ရဲ့ နှိုက်မှာပဲဆိုတဲ့သီချင်းမှာ ပါဝင်သရုပ်ဆောင်ပေးထားခဲ့ပါတယ်။ ပထမဆုံးအကြိမ်သရုပိဆောင်တာဖြစ်ပြီး အတွေ့အကြုံကိုတော့ ယခုလိုမျှဝေပေးခဲ့ပါတယ်။ 

‘‘ကိုယ်က ဒေါက်ဖိနပ်အမြင့်တွေစီးပြီး အမြဲနေနေမကျဘူး။ ကတဲ့အချိန်မှာ အရမ်းညောင်းတယ်။ ဖိနပ်ချွတ်လိုက်ပြန် ကလိုက်ခဏခဏလုပ်ဖြစ်တယ်။ ပြီးတော့ ညဘက်ထွက်ပြေးတဲ့အချိန်မှာ ရဲတွေကိုယ့်ကိုဝိုင်းဖမ်းတဲ့ အချိန် ဈေးတန်းထဲမှာ ငါးညှီခွက်ကို လက်နဲ့ထောက်ဖြစ် တာက မထက်အတွက် အမှတ်တရပါပဲ’’

ဒါ့အပြင် သရုပ်ဆောင်အနေနဲ့ ဆက်လက်ရပ်တည်ဖို့ရှိသလား ဆိုတာကိုတော့ ယခုလိုဖြေကြားခဲ့ပါတယ်။

‘‘ကမ်းလှမ်းတာတွေကတော့ ခဏခဏကမ်းလှမ်းတယ်။ မထက်က မရိုက်ဖြစ်တာ။ အခုလည်း တစ်ခုတော့ရှိတယ်။ ရိုက်ဖြစ်၊ မရိုက်ဖြစ်တာကတော့ နောက်နှစ်ထဲမှပဲ သေချာမယ်’’

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။