တကယ်လို့ သင့်ရဲ့အချစ်ရေးဟာ လမ်းဆုံးရောက်နေပြီး လမ်းခွဲမှဖြစ်တောလမယ်ဆိုရင် ဒီအချက်လေးတွေကို အရင်ဖတ်ကြည့်ပြီးမှ ဆုံးဖြတ်ပါ။

၁။ သင့်အမှားတွေကိုသင်သိပါ

အမျိုးသမီးတော်တော်များများကို အချစ်ရေးပြဿနာတွေဘာလို့ဖြစ်တာလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်ခဲ့ရာမှာတော့ အားလုံးရဲ့ အဖြေက ကိုယ့်အမှားကိုယ် မသိလို့ပါပဲလို့ ဖြေခဲ့ကြပါတယ်။ ဒါကြောင့်မို့လို့ တဖက်သားကို အရင်အပြစ်မတင်ခင်မှာ ကိုယ်ဘယ်နေရာမှားလဲဆိုတာသေချာကြည့်ရှုပြီး ကိုယ့်ကိုယ်ကို အရင်ဆုံးဝေဖန်သုံးသပ်ပါ။ မိန်းကလေးတစ်ယောက်မှာ ၈၀ ရာခိုင်နှုန်းလောက်က ကိုယ့်အမှားကိုယ်မမြင်ဘဲ သူများအမှားကိုသာမြင်တယ်လို့ ဝန်ခံခဲ့ကြဖူးပါတယ်။ အဲဒီတော့ အချစ်ရေးမှာ သာယာချင်တဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ့်အမှားကိုယ် အရင်ဆုံးသိအောင်လုပ်ပြီး သေချာအောင် ဆောင်ရွက်နိုင်ဖို့တော့ လိုပါလိမ့်မယ်။

၂။ စိတ်ကျန်းမာမှုကိုဦးစားပေးပါ

ကိုယ့်ရဲ့ စိတ်ကျန်းမာမှုလောက် ဘယ်အရာမှ အရေးမကြီးပါဘူး။ အမှန်အတိုင်းပြောရရင် ဘဝဆိုတာက တိုုတိုလေးပဲလေ။ ဘယ်မိန်းကလေးကမှ ကိုယ့်အတွက်ကြောင့် သူများတဖက်သားကို ထိခိုက်နာကျင်စေမှာ မဟုတ်ပါဘူး။ တကယ်လို့ သင့်နှလုံးသားက သင့်ရဲ့ချစ်သူနဲ့အတူတူ ရင်ခုန်မှုမရှိတော့ဘူးဆိုရင်အဲဒီအချစ်ကို ရပ်တန်းကရပ်ပစ်လိုက်ဖို့လိုအပ်နေပါပြီ။ခက်ခဲတဲ့ ဆက်ဆံရေးကို ဖြတ်သန်းမယ့်အစား နှလုံးသားဇာတ်လမ်းတွေအားလုံးကို တခန်းရပ်လိုက်ဖို့ပြောချင်ပါတယ်။

၃။ တစ်ကိုယ်တော်ဘဝကပိုကောင်းပါတယ်

လိင်ဆက်ဆံခြင်းဟာ စိတ်ဖိစီးမှုပြေလျော့ခြင်းရဲ့ အဓိက ဖြေဖျောက်နည်းမဟုတ်ပါဘူး။ မိန်းကလေးတော်တော်များများကလည်း အမြဲလိင်ဆက်ဆံရနေတာကို မကြိုက်ကြပါဘူး။ တော်တော်များများကတော့ တစ်ကိုယ်တော်အပျိုကြီးဘဝကို ပိုကြိုက်တယ်လို့ အဖြေထွက်ကြပါတယ်။ အဓိက ပြောချင်တာကတော့ မိန်းကလေးတစ်ဦးအနေနဲ့ ကိုယ့်ကို်ယ်ကို မညာသင့်ပါဘူး။ ကိုယ့်ရဲ့ အချစ်ဆိပ်တက်နေတဲ့ အချစ်ကို ရပ်လိုက်မယ်ဆိုရင်တော့ ကိုယ့်ချစ်သူကို ဖုန်းနဲ့ပဲဖြစ်စေ၊ အပြင်မှာပဲဖြစ်စေပြောလိုက်ပါ။ စာသားနဲ့မက်ဆေ့ချ့် ပို့တာကလည်း အရမ်းကို နူးညံ့တဲ့ ဖြတ်နည်းလေးပါ။ တစ်ခုသိထားသင့်တာက သင့်ကို တကယ်ချစ်တဲ့သူတွေက သင့်ကို ဘယ်တော့မှ မနာကျင်စေချင်ဘူးဆိုတာပါပဲ။

၄။ အရှည်ကိုတွေးဆုံးဖြတ်ပါ

တကယ်လို့ သင့်အနေနဲ့ ရည်းစားကိုဖြတ်မယ်ဆိုရင်အရှည်ကိုတွေးပြီး တွဲသင့်မတွဲသင့်ဆုံးဖြတ်ပြီးမှ ဖြတ်သင့်တယ်လို့ ထင်ပါတယ်။ ဒါမှသာသင့်အနေနဲ့ သင့်ရဲ့ နာတာရှည်အသည်းကွဲဒဏ်ကို ကုစားနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။သင့်ကိုနာကျင်စေတဲ့ ချစ်သူနဲ့ လမ်းခွဲပြီးမကြာခင်မှာပဲ သင့်ရဲ့ ကောင်းမွန်တဲ့ ဘဝသစ်ကို ပြန်လည်ရရှိနိုင်ပြီဆိုတာကိုတော့ သင့်အနေနဲ့ သိထားလိုက်ပါ။

၅။ ရည်းစားသစ်ချက်ခြင်းမတွဲပါနဲ့

ရည်းစားဟောင်းတစ်ယောက်ကိုဖြတ်ပြီးရည်းစားသစ်တစ်ယောက်ချက်ခြင်းတွဲလိုက်တာဟာ သင့်အတွက် အကောင်းဆုံးအဖော်မွန်တစ်ယောက်ရရှိလိုက်ခြင်းမဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ လူပြောင်းလိုက်ပေမယ့်လည်း သင့်ရဲ့ ခံစားချက်ရလဒ်က လုံးဝကို မပြောင်းလဲသေးဘူးဆိုတာကို သင်သိထားလိုက်ပါ။ ဒီလိုအချိန်မှာတော့ သင့်ကို ဘယ်သူကမှ ပြောင်းလဲကုစားပေးနိုင်မှာ မဟုတ်ပါဘူး။ ပြောင်းလဲလိုက်တဲ့ ရည်းစားအသစ်က ပိုဆိုးနေမယ်ဆိုရင်တော့ သင့်ဘဝထဲကို အဆိုးတွေကို ခေါ်သွင်းလိုက်သလိုပဲဖြစ်လာပါလိမ့်မယ်။

၆။ သင့်သူငယ်ချင်းတွေရဲ့အကြံကိုလက်ခံပါ

တကယ်လို့ သင့်သူငယ်ချင်းတွေက သင့်အတွက်မကောင်းဘူးပြောနေတယ်ဆိုရင်တော့ သူတို့စကားပြောတာကို လက်ခံပေးလိုက်ပါ။မိန်းကလေးတော်တော်များများကို စစ်တမ်းကောက်ပြီး လေ့လာတွေ့ရှိချက်များအရ သူ့မရဲ့ သူငယ်ချင်းတွေက သူမကိုအားလုံးဝိုင်းစဉ်းစားပြီး ပျော်အောင်ထားပေးကြပါတယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့လို့ အသည်းကွဲနေချိန်မှာ သူငယ်ချင်းကောင်းတွေနဲ့ မခွဲမခွာရှိနေဖို့ဆိုတာကလည်း အထူးသတိပြုရမှာပဲဖြစ်ပါတယ်။

၇။ ကိုယ့်ကိုယ်ကိုယုံကြည်ပါ

ဘယ်ကိစ္စမဆို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့အလုပ်လုပ်တာအကောင်းဆုံးပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုတောင်ယုံကြည ်မှုမရှိဘဲ ဘယ်လုပ်ငန်းမှာမှ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်လို့ပါပဲ။ တကယ်လို့ အချစ်ဆိပ်တက်နေလို့ ကုစားဆောင်ရွက်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘဲ အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုတာ အသေအချာပါပဲ။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့အချစ်ဆိပ်တက်နေတဲ့ ပြဿနာကိုဖြေရှင်းတဲ့နေရာမှာ ကိုယ့်ကိုယ်ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ လမ်းကြောင်းသုံးပြီး ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိဖြေရှင်းဖို့ရာဟာ အဓိကကျပါတယ်။ မြန်မာမိန်းကလေးတော်တော်များများကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူနည်းတဲ့အတွက် ယုံကြည်မှုတည်ဆောက်ဖို့ကိုတော့ အဓိကထားစဉ်းစားယူရမယ့်အချက်တစ်ခုလို့ မြင်မိပါတယ်။ စစ်တမ်းကောက်ယူမှုအရ မြန်မာမိန်းကလေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူဟာ အယောက်တစ်ရာမှာ ဆယ်ယောက်လောက်ပဲရှိပါတယ်။

၈။ ကံကြမ္မာကိုလည်းမေ့မထားပါနဲ့

ကံကြမ္မာဆိုတာကလည်း ဘယ်တော့မှမေ့ထားလို့ မရတဲ့ အရေးကိစ္စတစ်ခုပါ။ ဗုဒ္ဓဘာသာတွေရဲ့ ဓလေ့ထုံးစံအရကတော့ ဒီလိုမျိုး ကိစ္စတွေဟာ အတိတ်ကံတွေ၊ ပစ္စုပ္ပန်ကံတွေကြောင့် ဖြစ်တယ်လို့လည်းဆိုကြပါတယ်။ ဒီတော့ ကံကြမ္မာဆိုတာကိုလည်း မမေ့ လက်ရှိဘဝကိုလည်း ပစ်ပယ်မထားဘဲ ကိုယ့်အချစ်ရေးအတွက် အကောင်းဆုံးစဉ်းစားဆောင်ရွက်ပေးလိုက်ပါ။ ကံကောင်းအေါင် ဗေဒင်မေး ယတြာချေမယ်ဆိုရင်လည်း ယတြာချေလို့ရပါတယ်။

Source : MODA

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။