လက်ရှိပြည်တွင်းမှာ ယာဉ်မတော်တဆမှုများစွာ ဖြစ်ပေါ်လေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ မတော်တဆမှုတွေ လျော့နည်းလာစေရန် အသိပညာပေးလုပ်ငန်းများစွာ ပြုလုပ်လျှက်ရှိတာတွေ့ရပါတယ်။ ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင် ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ယာဉ်အသုံးပြုသူများအား အသိပညာပေးခြင်းကို ဒီကနေ့ ဧပြီလ ၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က လွိုင်ကော်-ဒီးမော့ဆို ပြည်ထောင်စု ကားလမ်းမကြီး ပေါ်ရှိ ငွေတောင်ဆည်ရှေ့၌ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့လျှက်ရှိကြောင်း သိရပါတယ်။

ယာဉ်အန္တရာယ် အသိပညာပေး ဆောင်ရွက်ရာတွင် ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ မူးယစ်သောက်စား၍ ယာဉ်မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ လုမောင်းခြင်း၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ မော်တော်ဆိုင်ကယ်များ အိတ်ဇောပိုက်ဖြုတ်၍ စီးခြင်း၊ အသံကျယ်လောင်စွာ စီးခြင်း မရှိစေရေး အသိပညာပေး ဆောင်ရွက်မှုများပြုလုပ်ခဲ့ပါတယ်။ ၎င်းအပြင် ယာဉ်မောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပါ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး အောင်မင်း၊ ဒုရဲမှူး သီဟန် ဦးစီးတပ်ဖွဲ့ဝင်များ၊ အမှတ်(၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး(ကယား)မှ ရဲအုပ် အောင်တိုးမြင့် ဦးစီးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါပြုလုပ်မှုသည် မြို့နယ်အတွင်း ယာဉ်တိုက်မှု ဖြစ်ပွားနှုန်းများ ပြားလျက်ရှိရာ ယာဉ်အသုံးပြုသူများ၊ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ယာဉ်ထိန်းရဲများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။ 

Source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။